မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ နဲ့ စေတုတ္တရာအစပ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဝင်ရောက်မှုကြောင့် အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၈ရက် ၊ မနေ့က မနက်အစောပိုင်းမှာ ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့နယ်အစပ်က ကျောက်ပုံ၊ ခဲပစ်နဲ့ ညောင်ကုန်းကျေးရွာတွေဆီ အင်အား ၁၂၀နီးပါးရှိတဲ့ စစ်အုပ်စုတွေ လက်နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းကို မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းနဲ့ ပွင့်ဖြူမြို့နယ် ပကဖတို့ ပူးပေါင်းဟန့်တားခဲ့ကြပါသေးတယ်။
“၂၇ရက်​နေ့ ညပိုင်းကတည်းက စစ်ကြောင်းကဝင်နေတာပေါ့။ ၂၈ရက် မနက်ပိုင်းကျတော့ ရွာထဲဝင်ပြီး မီးရှို့တယ်။ လူတွေကိုရိုက်နှက်တယ်။ ပြည်သူပိုင်ပစ္စည်းတွေခိုးတယ်ပေါ့။ အဲ့နောက်ညနေပိုင်းမှာ ပွင့်ဖြူဘက်က ရွာတွေကို စစ်ကြောင်းထပ်ဝင်ပါတယ်။” လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေရဲ့ မီးရှို့မှုကြောင့် ညောင်ကုန်းရွာက နေအိမ် ၃လုံးနဲ့ ကျောက်ပုံရွာက နေအိမ်၁၁လုံး မီးလောက်ပျက်စီးခဲ့ပြီး စစ်ကြောင်းဝင်လာစဥ် ကျန်နေခဲ့တဲ့ အသက် ၆၅နှစ်အရွယ်အမျိုးသမီးကြီး၁ယောက်လည်း စစ်ကောင်စီတပ်ရဲ့ပစ်သတ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီက ပွင့်ဖြူမြို့နယ် လယ်မနဲ့ ကျွဲခြံကျေးရွာတွေဆီ စစ်ကြောင်း၃ခုခွဲကာ ဆက်လက်ဝင်ရောက်ခဲ့ပြီး တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ဗုံးသီးချတာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ဆိုပါတယ်။
“ကျောက်ပုံ၊ ခဲပစ်ကို မီးရှို့လာတဲ့စစ်ကြောင်းရယ်၊ ပွင့်ဖြူ ဝါတပ်နဲ့ ဆင်လူးက ပျူတွေပါတဲ့စစ်ကြောင်းရယ် အပြင် တန့်ဆည်တောင်ခြေက စစ်ကြောင်းရယ်ပေါင်းပြီး လယ်မနဲ့ ကျွဲခြံဘက်ကို စစ်ကြောင်းထပ်ထိုးလာပါတယ်။ အင်အား၂၀၀ လောက်ပါတဲ့စစ်ကြောင်းကို အကောင်းဆုံးခံခဲ့ပေမယ့် လက်နက်ကြီးပါ ဆက်တိုက်ပစ်နေတာကြောင့် ဘယ်လိုမှအင်အားမမျှလို့ ဆုတ်ပေးခဲ့ရပါတယ်။ အဲ့နောက်တော့ ရွာတွေထဲဝင်ပြီး ဆိုင်ကယ်တွေ တန်ဖိုးကြီးပစ္စည်းတွေ သယ်တော့တာပါပဲ။” လို့ မင်းဘူးခရိုင် အမှတ် ၄တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
ကျွဲခြံနဲ့ လယ်မရွာတွေထဲ ဝင်ရောက်ပြီး အရပ်သားပိုင် အဖိုးတန်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခဲ့တဲ့ စစ်အုပ်စုတွေက မဲဇလီရဲစခန်းထဲ ရောက်ရှိသွားပြီးတဲ့နောက် စလင်းမြို့နယ် ကံပြားရဲစခန်းဘက်ဆက်လက်ထွက်ခွာလာရာ တော်လှန်ရေးတပ်တွေက ရွှေဘိုရွာသစ်နဲ့ မန်ကျည်းရုံရွာကြားမှာ ထပ်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၉ရက် ဒီနေ့မှာတော့ စစ်ကြောင်းဝင်ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့သလို နေအိမ်တွေမီး​ငြှိမ်းသတ်တာ၊ သေဆုံးသူကို သဂြိုလ်ပေးတာတွေအပြင် မဲဇလီရွာတံတားထိပ်က ဂိတ်တွေဆီ ဒရုန်းနဲ့ဗုံးသီးချတာတွေ လုပ်ဆောင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်၄တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ မဲဇလီရွာရဲစခန်းဆီ စစ်ကြောင်းပြန်ပြီးဆုတ်ခွာသွားပေမယ့်လည်း ကျေးရွာ ၅ရွာက စစ်ဘေးရှောင် ၄ထောင်ကျော် ၅ထောင်နီးပါးကတော့ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး အကူညီတွေလိုအပ်နေကြတယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့တဲ့ စေတုတ္ထရာ နဲ့ ပွင့်ဖြူအစပ်က ကျေးရွာများ
အောက်ဖော်ပြပါ လင့်တွေမှာလည်း “မောင်း” ရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းတွင် ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာမှာတင် ၄ယောက်သေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်မြို့နယ် သန်းနုတောရွာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်၊ ဒေသခံ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်အုပ်စုက စက်တပ်လေထီး နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အာဏာရှင်စနစ် အပြီးတိုင် မဖယ်ရှားနိုင်သရွေ့၊ လူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ လူထုအုပ်ချုပ်ရေး မဖော်ဆောင်နိုင်သရွေ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု SNLD ပြော

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် သာဝတ္ထိနယ်မြေရဲစခန်းအား လက်လုပ်ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။