ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နဲ့ အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ရခိုင်ရိုးမပေါ်က တောင်ကုတ်မြို့ကို AA က အလုံးစုံသိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ပြီး၊ မြို့နယ်တွင်း ကျန်ရှိနေသေးတဲ့ တပ်ရင်း ၃ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ပါတယ်။
တောင်ကုတ်မြို့က စစ်တပ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိပြီးတဲ့နောက် တောင်ကုတ်မြို့ကို ထိန်းချုပ်ကာ AA က မြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ရေးအတွက် တောင်ကုတ် စကခ ၅ ၊ ခမရ ၅၄၄ နဲ့ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်ကုတ်မြို့က မောင်းတံဂိတ် စစ်စခန်းတွေ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းတွေ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနဲ့ တောင်ကုတ်မြို့မရဲစခန်းတို့ကို AA က သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်ကနေ ၂၀ ရက်အတွင်း ၁၇ ရက်ကြာ ထိုးစစ်အပြီးမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး တောင်ကုတ်မြို့တွင်းတစ်ခုလုံးကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် AA ဟာ သံတွဲပြီးရင် ရခိုင်ပြည်တောင်ပိုင်းမှာ ဒုတိယမြောက်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
တောင်ကုတ်မြို့ဟာ ရခိုင်ရိုးမပေါ်မှာ တည်ရှိပြီး မြေပြန့်ဒေသဖြစ်တဲ့ ပဲခူးတိုင်း ပြည်၊ ဥသျှစ်ပင်မြို့တွေနဲ့ မိုင်အနည်းငယ်သာ ကွာဝေးတော့တာ ဖြစ်ပါတယ်။
တောင်ကုတ်မြို့က စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်က ထိုးစစ် မစတင်ခင် ကတည်းက တောင်ကုတ်မြို့ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ပါတယ်။
AA က တိုက်ခိုက်ထိုးစစ်ဆင်မယ့် တောင်ကုတ်မြို့က ရန်သူ့စခန်း အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူလူထုတွေကိုလည်း ကြိုတင်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့တွေကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ဖို့အတွက် အဲဒီမြို့တွေက ဖက်ဆစ်စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။
=================
အောက်ဖော်ပြပါ လင့်တွေမှာလည်း “မောင်း” ရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
0 Shares:
You May Also Like
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်အခြေစိုက်  ကလလတ တပ်ရင်း ၆၂၆ ၊ တပ်ခွဲ (၁) မှ ဒုတပ်ခွဲမှူး ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ ကလလတ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာတိုက်ပွဲအတွင်း MDY-PDF ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီအလောင်းများနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဟားခါးမြို့အနီးက စစ်ကောင်စီတပ်စခန်းကို CNA နဲ့ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တပ်ရင်းမှူးအပါ စစ်သား ၁၀ယောက်ကျော်သေပြီး၊ ၁၉ယောက်ကို လက်နက်များနဲ့အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ် ၊ ဟားခါးမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ယောက်အထိ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
Read More

မြင်းခြံတွင် ၂ ရက်အတွင်း အယောက် ၃၀ နီးပါး ပေါ်တာဆွဲခံရဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
Read More

စစ်ကောင်စီဆီ မတရားစစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်…

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။