စစ်ကိုင်းတိုင်းအတွင်းက မင်္ဂလာပျူစခန်း၊ ပန်းရံပျူစခန်း၊ သီးလုံးပျူစခန်း၊ ဆိပ်ခွန်စခန်းနဲ့ မင်းကုန်း စစ်တပ်အထိုင်စခန်းတွေကို ၇ ရက်တာအတွင်း ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ HG FIGHTERS-Shwe Bo အဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ထန်နှောင်၊ မြိုက်၊ သပြေသာ ကျေးရွာတွေကို ပျူစောထီးနဲ့ အကြမ်းဖက်စစ်သား ပူးပေါင်းအင်အား ၁၅၀ ခန့် စစ်ကြောင်းထိုးပြီး တန်ဖိုးရှိပစ္စည်းတွေကို ပြည်သူတွေထံက ခိုးယူကာ နိုဝင်ဘာ ၁၆ ရက်မှာ ပန်းရံပျူစခန်းအတွင်း အောင်ပွဲခံနေချိန် ဒရုန်းနဲ့ ဗုံးသီး ၃ ကြဲချတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ မင်္ဂလာပျူစခန်းကို ဗုံးသီး ၂ လုံး၊ ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းတွေကိုလည်း ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၁၉ ရက်က ရွှေဘို-ဆိပ်ခွန်-မူးကမ်း-နောင်ကြီးအိုင်လမ်းပိုင်းမှာ လမ်းသွား ပြည်သူတွေကို ငွေတောင်းနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ပြီး နိုဝင်ဘာ ၂၁ ရက်မှာ ဗုံးသီး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက် နေ့လည်ပိုင်းကလည်း သီးလုံး၊ ပန်းရံ ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီနေ့ညပိုင်းက မင်းကုန်းကျေးရွာမှာ အထိုင် ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်အောက်ခံတပ်သားတွေ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီလက်အောက်ခံတပ်သား ၃ ယောက်သေကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို HG FIGHTERS-Shwe Bo၊ ရွှေဘိုမြို့နယ် ပလဖ Shwebo Crocodile၊ ရွှေဘိုမြို့နယ် ရပ်/ကျေး ပကဖ၊ ရွှေဘိုခရိုင် တပ်ရင်း ၄ မဟာမိတ် တပ်ပေါင်းစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနိုင်ဖို့ အကယ်ဒမီပိုင်ဖြိုးသုရဲ့ ‘အကယ်ဒမီရုပ်ကမ်ပိန်း’ပြုလုပ် (ရုပ်/သံ)

မဲပေါက်တဲ့ သူတွေကို ပေးအပ်မယ့် အကယ်ဒမီရုပ်ဟာ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ သရဲမ၊ ဘီလူးမနှင့် မိန်းမပျိုဇာတ်ကားမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့ သရုပ်​ဆောင် ပိုင်ဖြိုးသုရရှိခဲ့တဲ့ အကယ်ဒမီရုပ်ဖြစ်ပါတယ်။
Read More

ရေကြောင်းကနေ ဒရုန်း ၂ စီးအပါအဝင် လက်နက်ခဲယမ်းသယ်ဆောင်ဖို့ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံ၊ လက်နက်ခဲယမ်းတွေ မီးလောင်ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်သင်္ဘောနဲ့ နဘုလယ်ရေနက်ဆိပ်ကမ်းရှိ စစ်အခြေစိုက်စခန်းဆီ Multi - Drone ၂ စီး အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်နဲ့ ခဲယမ်းအမြောက်အများသယ်ဆောင်ဖို့ စောင့်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၂၁ ရက် နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗထူးတပ်မတော် (BHA)ထံက သိရပါတယ်။
Read More

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်က မြန်မာစကား‌နဲ့ ပြောဆိုရှင်းပြ (ရုပ်/သံ)

နိုင်ငံကို မတရားအာဏာသိမ်းရယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ကြောင့် သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေကို ဖုန်းနဲ့ ဆက်သွယ်ရှင်းပြနေတဲ့ ရုပ်သံဖိုင် ကို စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Read More

Southern Eagle PDF ရဲ့ တော်လှန် သီတင်းကျွတ်ဆုတောင်း  (ရုပ်/သံ)

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ Southern Eagle PDF ရဲ့ တော်လှန်သီတင်းကျွတ်ဆုတောင်း ရုပ်သံကို အဆိုပါ အဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

လက်ဗလာနဲ့စခဲ့တဲ့ တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန် (ရုပ်/သံ)

လက်ဗလာနဲ့စခဲ့တဲ့တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မိုးကုတ်မြို့လူနေရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။