မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်သေဆုံးသူ များခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂၈ ရက် မနေ့က မနက်ပိုင်းမှာ ထီးလင်းမြို့ရဲ့အရှေ့ဘက်၊ မြို့နဲ့ ၁မိုင်အကွာ၊ ထီးလင်း – ကျင်းကားလမ်းဘေးက ဒေသအခေါ် စခန်းကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်က ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယောအလင်းတန်းက ပြောပါတယ်။
မနက်၉နာရီက စတင်ခဲ့တဲ့ တိုက်ပွဲဟာ အချိန် ၂နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောက်စီဘက်က အသေအပျောက်များခဲ့တာကြောင့် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ လေကြောင်းပစ်ကူတောင်းရင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထီးလင်းမြို့နယ်၊ ရွှေထီးခန်းမက ထွက်လာတဲ့ အင်အား ၇၀ခန့်ပါ စစ်​ကြောင်းထဲက ဗိုလ်ကြီးအဆင့်ရှိသူ ၁ယောက်နဲ့ စစ်သား၁၁ယောက်သေပြီး ဒဏ်ရာရသူ ၁၀ယောက်ထက်မနည်းရှိခဲ့ကာ အရှင်ဖမ်းဆီီးရမိသူ ၁ယောက်လည်းရှိတယ်လို့ ယောအလင်းတန်းက ပြောပါတယ်။
“အဲ့ဒီစစ်ကြောင်းက ထီးလင်းမြို့နဲ့ ၅မိုင်ပတ်လည်က ရွာတွေကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပါတယ်။ မနေ့ကလည်း သူတို့ စစ်​ကြောင်းထိုးလာတုန်း ဒေသတော်လှန်ရေးအဖွဲ့တစ်ခုက အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာပေါ့။ အဲ့နောက်တော့ စစ်ကောင်စီဘက်က အသေများပြီး ပြန်ဆုတ်သွားပါတယ်။ သတင်းအတိအကျတော့ မသိရသေးပါဘူး။ စစ်ကောင်စီက သူတို့အထိနာသွားလို့ တိုက်ပွဲဖြစ်တဲ့နေရာ အနီးအနားတွေကို လေကြောင်းတိုက်ခိုက်မှု၂ကြိမ် လုပ်သွားပါတယ်။ ဒါပေမယ့် အရပ်သားတွေ ထိခိုက်မှုမရှိပါဘူး။” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် မနေ့က ညပိုင်းမှာလည်း ရွှေထီးခန်းမထဲ ပြန်ရောက်သွားတဲ့ စစ်ကောင်စီတပ်တွေက ထီးလင်းမြို့အရှေ့ဖက်က ရွာတွေဆီ ၁၂၀မမလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထွက်လာစဥ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင်အတွင်း ဗုံးခိုကျင်းများ ကြိုတင်တူးထားကြဖို့ ခရိုင် (ပ.အ.ဖ) တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်တွင် အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စု ဝရုန်းသုန်းကား ထွက်ပြေး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရပြီး ဝရုန်းသုန်းကား ဆုတ်ပြေးသွားကြောင်း TGYR Youth Guerrilla Counter Revolution-NZ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ရေတာရှည်မှာ အမျိုးသမီးရဲဘော်တွေပါတဲ့ RTC စစ်​ကြောင်းနဲ့ စစ်ကောင်စီတပ် ၂ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်းမှာ စစ်ကြောင်းဝင်​ရောက်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မှာ စစ်တပ်ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်၊ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ ကင်းပုန်းကို ကြားဖြတ်တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ် (၁၉)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက CDM စစ်အရာရှိတွေကို အကူညီတောင်းခံပြီး စုံစမ်းနေ

ရှေ့တန်းမှာ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တပ်ဘက်က တာဝန်ယူမှု လုံး၀မရှိဘဲ မိသားစုဝင်တွေက မိမိအစီအစဉ်နဲ့သာ မိမိမေးမြန်းစုံစမ်းနေရတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးထက်မြက်ကပြောပါတယ်။