စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်း ၁၄၀ နီးပါးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ KPSN က ဆိုပါတယ်။
ထိုင်း – မြန်မာနယ်စပ်မှာ ကရင်ပြည်နယ်အတွက် ထိန်းချုပ်မှုနယ်မြေအများဆုံး ပြန်ရယူနိုင်ခဲ့ပြီး နေပြည်တော်နဲ့ ရန်ကုန်ကြား စစ်အုပ်စုရဲ့ ဗဟိုဆက်သွယ်ရေးလမ်းကြောင်းကို ခြိမ်းခြောက်နိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
KNLA ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီစစ်စခန်း ၁၃၈ ခုထဲမှာ ထက်ဝက်ကျော်ကို ၂၀၂၃ ခုနှစ်နှစ်လယ်ကနေ ၂ဝ၂၄ ခုနှစ် နှစ်လယ်အထိကာလအတွင်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ နှစ်လယ်ပိုင်းအထိ ကရင်အမျိုးသားအစည်းအရုံး-KNU အုပ်ချုပ်နယ်မြေ ခရိုင် ၇ခုက တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
=================
အောက်ဖော်ပြပါ လင့်တွေမှာလည်း “မောင်း” ရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
0 Shares:
You May Also Like
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကို ထောက်ပံ့မယ့် ဖြူဖြူကျော်သိန်းရဲ့ ကိုရီးယားနိုင်ငံ ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ကိုရီးယားနိုင်ငံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ၁၀ ယောက် သေပြီး ၁၅ ယောက် ဒဏ်ရာရ..

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲသည် ဖန်တီးလုပ်ကြံမှုဟု ကိုထိန်လင်း ဝေဖန်

အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုရရှိ ရေးအတွက် ဖန်တီးထားတဲ့ လုပ်ကြံမှုဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ဒီကနေ့မှာ ဝေဖန် ပြောဆိုလိုက်ပါတယ်။
Read More

ဘုတလင် ပကဖက အပတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်/ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သင်တန်းမှာ ပါဝင် လှုပ်ရှားသူက ပြောပါတယ်။
Read More

ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု လက်နက်ဖြင့် ရမ်းသန်းပစ်ခတ်မှု မိသားစုဝင် ၃ ဦးထဲမှ မသန်စွမ်းအပါ ၂ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

" စခတွေက အရှေ့တောင်ခြမ်းတိုက်ရွာ အထက်ရွာ ၊ အောက်ရွာကို ၁၅ ရက်လောက်နေပြီးတော့မှ တမာကန်ဘက်ကို ဖြတ်ထိုးလာတာ၊ တမာကန်ကို အရင်ကတည်းက စစ်ကြောင်း ထိုးဖူးတယ်၊ ဖြတ်သန်းဖြတ်လာထိုးဖူးတာတော့ရှိတယ်၊ မြေးဖြစ်သူ ဇော်ဘုန်းခိုင်ကျတော့ မွေးရာပါမသန်စွမ်းပါ" ပါလို့ Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက မောင်းသတင်းဌာနကို ပြောပါတယ် ။