စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စခန်းချရာနေရာတွေ ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီက ပြည်သူအယောက် ၃၀နီးပါးကို လူသားဒိုင်းလုပ် ဖမ်းဆီးခဲ့ကြောင်း ရွှေဘိုခရိုင် ၊ အမှတ် ၁၈ တပ်ရင်း၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
နိုဝင်ဘာ ၂၇ရက် ၊ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ တောင်ရင်းရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တ​ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၂နာရီကျော်အတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် လေကြောင်းကနေ ပစ်ကူပေးခဲ့ကြောင်း ရွှေဘိုခရိုင် ၊ အမှတ် ၁၈တပ်ရင်း နယ်စည်းမခြားတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
အထက်ပါ အကြမ်းဖက်စစ်အုပ်စုတွေဟာ နိုဝင်ဘာ ၂၇ရက် မနက်အစောပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ ပဒူရွာရဲစခန်းကနေ အင်အား၁၀၀ ကျော်နဲ့ ထွက်ခွာလာပြီး တောင်ရင်းရွာထဲက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေထဲ ဝင်ရောက်တပ်စွဲနေခဲ့တာလို့လည်း သိရပါတယ်။
“သူတို့(စကစ) တပ်စွဲထားတဲ့ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်း ၂နေရာလုံးကို တချိန်တည်း ဝင်တိုက်ခဲ့တာပါ။ တပ်ရင်းဘက်က ထိခိုက်မှု မရှိပါဘူး။ရန်သူ့အလောင်း လက်နက်လည်း မရခဲ့ ပါဘူး။ သူတို့ဘာသာ ပြန်သယ်ထုတ်သွားတယ်ထင်ပါတယ်။ အသေအပျောက်စာရင်း မသိရသေးပါဘူး။ တိုက်ပွဲပြီးလို့ မိနစ် ၂၀ လောက်ကြာတော့နေရာ၂ခုလုံးကို လေယာဉ်နဲ့ ဗုံးလာကြဲသွားပါတယ်။” လို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်အုပ်စုတွေဟာ တောင်ရင်းရွာအနီးအနားက စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ပြည်သူ အယောက် ၃၀ လောက်ကို ဓားစာခံလုပ် ဖမ်းဆီးကာ ပဒူရွာရဲစခန်းထဲ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
“ဒီကောင်တွေ ပဒူရွာ ရဲစခန်းထဲ ပြန်ဆုတ်သွားပါတယ်။ ပဒူရွာ ရဲစခန်းက အခိုင်အမာ ခံစစ်ပြင်ထားပြီး ကိုက်၁ထောင် ပတ်လည်လောက်မှာ သတ်ကွင်း ရှင်းထားတော့ လောလောဆယ် ဝင်တိုက်ဖို့ အဆင်မပြေသေးပါဘူး။ ပြည်သူတွေကိုလည်း သူတို့က ဖမ်းထားပါတယ်။” လို့ ရွှေဘိုခရိုင် ၊ အမှတ် ၁၈တပ်ရင်း ၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောခဲ့ပါတယ်။
ပုံစာ – အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို မော်လမြိုင်မှာ ကျင်းပမည်…

မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

သထုံမှာ လိုင်စင်မဲ့ဆိုင်ကယ် မောင်းနှင်မှုကြောင့် ဖမ်းဆီးခံရသူ ၅ ရက်အတွင်း သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်မောင်းနှင်မှုကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ဦးဝင်းဇော်ဟာ စစ်သားနဲ့ရဲတွေ ဖမ်းဆီးပြီးနောက် ၅ ရက်အကြာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၈) ဗျူဟာလက်အောက်ခံ တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂုဏ်ပြုကိတ်ခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်အနောက်ပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါ အရပ်သား ၃ ယောက်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရ…

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။