ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို နိုဝင်ဘာ ၂၇ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါ ချဉ်တောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။
မိုင်းဆွဲခံရတဲ့ အကြမ်းဖက်စစ်သား အယောက် ၄၀ သေဆုံးခဲ့ပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲ ဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ထံက သိရပါတယ်။
0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေတာရှည်မြို့နယ်တိုက်ပွဲအတွင်း တပ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း တိုက်ပွဲတွေကို တပ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်ကိုကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ PDF - Tatkon "Battalion 803 မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာထဲက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့ ရတနာပစ္စည်းအရောင်းဆိုင် လက်နက်ကိုင် ခြိမ်းခြောက်ဓားပြတိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ် ၁ ရှိ ရတနာပစ္စည်းအရောင်းဆိုင်အား စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း လက်နက်ကိုင်လူတစ်စုက အနုကြမ်းစီးခြိမ်းခြောက်ဓားပြ တိုက်သွားခဲ့တယ်လို့ ‌သိရပါတယ်။
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Hero Defence Force အဖွဲ့ထံက သိရပါတယ်။