ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုံး၀လုပ်ဆောင်နေခြင်း မရှိဘူးလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းအနေနဲ့ ပြည်သူလူထုထံကနေ ငွေကြေးကောက်ယူတာ၊ ငွေညှစ်တာ၊ လောင်းကစားဝိုင်းတွေကို ခွင့်ပြုတာ ၊ အခွန်/ဆက်ကြေးကောက်ခံတာတွေကို လုံး၀မလုပ်ဆောင်ဘူးလို့ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒေါနတပ်ရင်း အနေနဲ့ အဖွဲ့အစည်းစတင်ချိန်ကနေ လက်ရှိအချိန်အထိ အထက်ပါ လုပ်ရပ်တွေကို လုပ်ဆောင်ခြင်းမရှိသလို နောက်နောင်မှာလည်း ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုအပေါ် အကျင့်ပျက်တဲ့ လုပ်ရပ်တွေကို ဒေါနတပ်ရင်း အမည်ခံပြီး ဆောင်ရွက်လာရင် Daw Na Column – P29902 (ဒေါနစစ်ကြောင်း) Facebook Page ကို တိုင်ကြားနိုင်တယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းဟာ လက်ရှိ တောင်းပိုင်းစစ်ဒေသမှာ စစ်ကောင်စီကို ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်လျက်ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် ဒရုန်းဗုံး ထိထားသည့် ဒုရဲအုပ် ၁ဦး ၁ပတ်ကျော်အကြာမှာသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းဗုံးထိမှန်ထားတဲ့ ဂန့်ဂေါမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ယောက်ဟာ တစ်ပတ်ကျော်အကြာမှာ ရရှိဒဏ်ရာတွေနဲ့ပဲ ဆေးရုံပေါ် သေဆုံးသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၂)ရက်နေ့က ဂန့်ဂေါမြို့၊ အမှတ် (၅၀)ခြေလျင်တပ်ရင်းအနီးမှာရှိတဲ့ စစ်တပ် လမ်းဆုံဂိတ်တစ်ခုကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး၄လုံး ကြဲချတိိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါတွင် ရွေးကောက်ပွဲအတုကို စိတ်ဝင်စားမှု မရှိသည့်အတွက် မဲစာရင်းသွားကြည့်သူ မရှိသလောက်ဖြစ်နေသည့်အပေါ် စစ်အုပ်စုက ဖိအားပေးနေ

"မြို့ပေါ်မှာ မဲစာရင်းတွေကို ပြန်ကြေညာထားပေမဲ့ သွားကြည့်တဲ့သူ အဆမတန်နည်းပါတယ်။ မဲစာရင်းကို လာမကြည့်ကြတော့ စစ်တပ်နဲ့အပေါင်းအပါတွေက ညဘက်တွေမှာ မြို့ပေါ်ရပ်ကွက်တွေထဲ ဧည့်စာရင်းဝင်စစ်တယ်။ အဲ့လိုစစ်ရင်းနဲ့ မဲစာရင်းသွားကြည့်သေးလား၊ မကြည့်ဘူးလားဆိုတာတွေပါ စစ်ပါတယ်" လို့ မြို့ခံတစ်ယောက်ကပြောကြားခဲ့ကြောင်း ယောအလင်းတန်း ဆိုပါတယ်။
Read More

ဗန်းမော်က ခလရ (၂၃၆)ကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများပါ ရရှိ

ဗန်းမော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ(၂၃၆) တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ ရရှိခဲ့ကြောင်း KIA ရဲ့ သတင်းပြန်ကြားရေးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်ကျွန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှမနှစ်ယောက် ဖွင့်ထားတဲ့ KTV ကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်စစ်အုပ်စုက အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။