CDM လုပ်ထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် အထူးပင် ဝမ်းမြောက်စွာ ကြိုဆိုကြတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
CDM ပြုလုပ်လာတဲ့ စစ်သားတွေနဲ့ ရဲတွေက သူတို့ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကျူးလွန်မှုတွေကို သက်သေတွေတင်ပြတာ၊ ထုတ်ဖော်ပြောဆိုတာ၊ မှတ်တမ်းပြုစုတာတွေ ဆောင်ရွက်မှုတွေမှာ ပူးပေါင်းပါဝင်နေတယ်လို့လည်း အသိပေးထားပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အနေနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို အမြန်ဆုံးဖမ်း၀ရမ်းထုတ်ပြန်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားဖို့ တိုက်တွန်းတယ်လို့လည်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုပါတယ်။
မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန်က နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကို မနေ့က နိုဝင်ဘာ ၂၇ ရက်မှာ တင်သွင်းလိုက်ပြီးတဲ့နောက် အဖွဲ့အစည်းအသီးသီးကလည်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေပါတယ်။
Photo- လားရှိုးမြို့မှ ပြည်သူ့ရင်ခွင်ထံခိုလှုံခဲ့သာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
0 Shares:
You May Also Like
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် ဇွန်လအတွင်း အရပ်သား ၃၆ ဦး သေဆုံးခဲ့မှု အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၅၈ ဦးရှိ

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး နောက်ထပ် သေဆုံးတဲ့ အရပ်သား ၅၈ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဝေါနှင့် ရွှေကျင်မှာ စစ်ကောင်စီတပ်ကို စနိုက်ပါနှင့် ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦး ထိမှန်ခဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် ထိမှန်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

လုံခြုံရေး စစ်ဆေးမှုလုပ်ဆောင်နေသည့် တော်ဝင်ဒေါင်းတပ်ရင်း အမျိုးသမီးစစ်သည်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ရေစကြိုတပ်ပေါင်းစုအတွက် အောင်ပန်းဝေစေရှင်မတောင်မြေကမ်ပိန်းမှ ရရှိသည့် ထောက်ပို့ငွေများဖြင့် ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ အီကွေ့မန့် ၊ ယူနီဖောင်းများ တပ်ဆင်…

ရေစကြိုတပ်ပေါင်းစုမှ ရဲဘော်တွေအတွက် အောင်ပန်းဝေစေရှင်မတောင်မြေ ကမ်ပိန်းကနေ ရရှိတဲ့ ထောက်ပို့ငွေတွေနဲ့ ကျည်ကာပြား၊ ကျည်ကာဦးထုပ်၊ အီကွေ့မန့်၊ ယူနီဖောင်း၊ ခါးပတ် နဲ့ ပွိုင့်ဖိနပ်တွေကို ဝယ်ယူအားဖြည့် တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။