အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လျှောက်ထားလိုက်မှုအပေါ် လွတ်လပ်တဲ့ အရပ်ဖက်အဖွဲ့အစည်း အများစုက လက်ခံကြိုဆိုကြောင်း ပူးတွဲကြေညာချက်တွေ ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးဖို့ ICC တရားရုံး ရှေ့နေချုပ်က တရားရုံးရဲ့ တရားသူကြီးတွေဆီ နိုဝင်ဘာ ၂၇ ရက် မနေ့က လျှောက်ထားခဲ့ပြီးနောက် အရပ်ဖက်အဖွဲ့အစည်းတွေက လက်ခံကြိုဆိုတဲ့ ပူးတွဲကြေညာချက်တွေ ထုတ်ပြန်လာတာပါ။
ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန်က ICC တရားရုံးကို တင်သွင်းလိုက်ပြီးတဲ့နောက် အမြန်ဆုံးအရေးယူဖမ်းဆီးဖို့လည်း ထပ်ဆင့်တောင်းဆိုလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ကို တင်ပြလိုက်ခြင်းအပေါ် ထောက်ခံကြိုဆိုလိုက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့လည်း တိုက်တွန်းပါတယ်။
Burma Campaign UK အဖွဲ့ကလည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက်ကို ကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်မှုတွေရဲ့ နောက်ဆက်တွဲ အရေးယူခံရတာတွေကို မခံစားရဘဲ ဆယ်စုနှစ် တွေကြာအောင် လွတ်မြောက်နေလို့ တရားမျှတမှုရဖို့ တဖြည်းဖြည်းနဲ့ နီးကပ်လာပေမယ့် ဒီကိစ္စက ရေရှည်သွားရမယ့် ခရီးဖြစ်တယ်လို့လည်း ရှုမြင်ကြောင်း Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ တခြားသော အရပ်ဖက်အဖွဲ့အစည်း ၃ခု ထက်မနည်းကလည်း မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြလာခြင်းအပေါ် အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်နေပြီး မြန်မာ့အရေးမှာ အခုလို ICC ရဲ့လုပ်ရပ်ဟာ ပိုမိုထိရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၊ Human Rights Watch အပါအဝင် နိုင်ငံတကာအဖွဲ့တွေကလည်း ICC တရားရုံးရဲ့ မင်းအောင်လှိုင်အပေါ် ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားမှုဆိုင်ရာ ထုတ်ပြန်ချက်အပေါ် အပြုသဘောရှုမြင်ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးဖို့ ICC တရားရုံး ရှေ့နေချုပ်က တရားရုံးရဲ့ တရားသူကြီးတွေဆီ နိုဝင်ဘာ ၂၇ ရက် မနေ့က လျှောက်ထားခဲ့ပြီးနောက် စစ်ကောင်စီရဲ့ သတင်းမှန်ပြန်ကြားရေးက အခုလိုစွဲချက်တင်မှုအပေါ် အသိအမှတ်မပြုဘူးလို့လည်း စစ်တပ်လော်ဘီ မီဒီယာတွေကတဆင့် တုံ့ပြန်ပြောကြားထားပါတယ်။
ICC တရားရုံးမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်ပြီး အာဆီယံအတွင်းက တစ်ခုတည်းသော ICC အဖွဲ့ဝင်နိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံတစ်နိုင်ငံတည်းသာရှိတာပါ။
လျှောက်ထားဆဲ ဖြစ်တဲ့အတွက်ကြောင့် တရားရုံးတော်က ဘယ်လိုမျိုး ဆက်ပြီးဆုံးဖြတ်မယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်သွင်းလာမှုမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို အသေးစိတ် လေ့လာစုံစမ်းပြီး တောင်းဆိုတာ ဖြစ်တဲ့အတွက် ဒီအမှုတွေမှာ တကယ်ကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ တိကျခိုင်မာတဲ့ အချက်တွေကို တွေ့ရှိခဲ့ပြီလို့ ယူဆရနိုင်ကြောင်း မြန်မာ့အရေး လေ့လာသူအချို့ကဆိုပါတယ်။
အခုလိုမျိုး ဖမ်း၀ရမ်းထုတ်ခြင်းခံခဲ့ရတဲ့ ဖြစ်စဉ်တွေအနေနဲ့ ၂၀၂၃ ခုနှစ်က ရုရှားသမ္မတပူတင်၊ ၂၀၂၄ ခုနှစ်မှာ အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အစ္စလာမစ်နိုင်ငံတချို့က ခေါင်းဆောင်တွေကိုလည်း နယ်သာလန်နိုင်ငံ အခြေစိုက် ICC က ဖမ်း၀ရမ်းထုတ်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

နတ်ရေကန်စခန်း အဓိက ကာကင်းကို AA ပူးပေါင်းတပ်များ သိမ်းယူထား

အမ်း-ပဒါန်းလမ်းပေါ်က စစ်ကော်မရှင်တပ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး စစ်စခန်းရဲ့ အဓိက ကာကင်းစခန်းဖြစ်တဲ့ ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အသံတိတ်သပိတ်က အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲအတွက် ရည်ရွယ်ဟု NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို

“အရင်အသံတိတ်သပိတ်တွေမှာ တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံးဟစ်ကြွေးသံဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကို ကျွန်တော်တို့ပြည်သူတွေက အံ့တုခဲ့ကြသလို၊ အခုချိန်မှာလည်း စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးက ခိုင်ခိုင်မာမာသပိတ်မှောက်ကြောင်းကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထပ်မံပြောဆိုပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းထဲ စစ်ရေယာဥ်များကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သင်္ဘော ၁ စီးနှင့် မော်တော် ၄စီး မီးလောင်ပျက်စီး၊ စစ်ကောင်စီတပ်သား ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ်တွေမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သင်္ဘောတွေ မီးလောင်ပျက်စီးကာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းအနီး နွားထိုးကြီး၊ ပြင်စည်ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီတပ်သား ၇ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ ပြင်စည်ရွာ လျှပ်စစ်ခွဲရုံးအပါအဝင် ရဲစခန်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ရော အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

မန္တလေးမှာ ​အဆောက်အဦးပြိုကျလို့ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ယောက်သေကာ ကလေးတွေအပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးမှာ အဆောက်အဦးပြိုကျပြီး အသက် ၅၀ အရွယ် အမျိုးသမီး၁ယောက်သေဆုံးကာ ကလေးငယ် ၂ယောက်အပါဝင် ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay ထံက သိရပါတယ်။
Read More

ရိက္ခာထုပ် ထွက်ကောက်တဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီ လေယာဥ်က ချပေးတဲ့ ရိက္ခာထုပ်ထွက်ယူတဲ့ ကန်နီရွာ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက် သေဆုံးကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။