ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်အောက် ကလေး ၂ ယောက်အပါ ဒေသခံပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း-၂ ( တပ်ရင်းအမှတ် – ၁၀၀၆ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)စစ်ကောင်စီတပ် က တိုက်ပွဲမဖြစ်ပွားဘဲ စစ်ရေးပစ်မှတ်မရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို (၁၂၀)မမ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား(၂) ယောက်၊ အမျိုးသမီး (၃) ယောက်၊ ၂နှစ်အရွယ် ကလေးငယ် (၁) ယောက်နဲ့ ၁ လသားအရွယ် ကလေးငယ် (၁) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖယ်ခုံအင်းအရှေ့ခြမ်းရှိ ကျေးရွာတွေမှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးမှုနဲ့အတူ အသက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေ (၁၀) ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စစ်ပွဲတွေနဲ့ လွတ်ကင်းတဲ့ ဒေသခံပြည်သူနဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာ နေရာတွေကို အခုလို ညာတာမှုကင်းမဲ့စွာ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ပြည်သူအများ စိုးထိတ်ကြောက်ရွံ့စေအောင် ပြုလုပ်နေတယ်လို့ ဖယ်ခုံ PDF က ဆိုပါတယ်။
ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) အနေနဲ့ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီတပ် အကြမ်းဖက်မှု လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုံ့ချပြီး စစ်ကောင်စီတပ်အနေနဲ့ ပြည်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် မထားဖို့ သတိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါ ၅ ဦး သေဆုံးဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

နယ်ခြားစောင့်တပ် (၁၀၀၃) စင်ကြိုင်နဲ့ ကန်ပိုက်တည်းက ရတမ ၃၈၉ တပ်ကို KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် (စင်ကြိုင်)နဲ့ ကန်ပိုက်တည်းမြို့က ရတမ ၃၈၉ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

သာယာဝတီထောင်တွင် ပခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား ကိုအောင်သူထက် ဆက်လက်တိုက်ပိတ်ခံထားရ၊ ရိုက်နှက်ခဲ့သည့်ဝန်ထမ်းကိုလည်း အရေးမယူမှု မရှိ…

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား​ ၁ ယောက်ကို ရန်ဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခဲ့တဲ့ အကျဥ်းဝန်ထမ်းဆိုသူကို အရေးယူမှု မရှိဘဲ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားကိုသာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် တမိုင်းတောင်စခန်းကုန်းကို KNU တပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တမိုင်းတောင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းရှိ စစ်ရှောင်စခန်း (၅)ခုကို PDF TRI ဗျူဟာ ရိက္ခာထောက်ပံ့၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှုများ ပေးခဲ့

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ယာယီစစ်ဘေးရှောင် စခန်း (၅)ခုကို ရိက္ခာ ထောက်ပံ့ခဲ့ပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုတွေ ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက ဒီနေ့ ထုတ်ပြန်ပါတယ်။