တိုက်ပွဲထဲ ဝတ်ဆင်ရလွယ်ကူပေါ့ပါးပြီး အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးစတွေကနေ ကာကွယ်ပေး​နိုင်တဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့ PDF Kalay – Mine Team ထံက သိရပါတယ်။
“ကျည်ကာပြားက ဝယ်မယ်ဆို ဈေးက မတတ်နိုင်ဘူးလေ‌။ အပြင်စျေး ၄သိန်းလောက်အထိ ပေါက်တယ်။ အဲ့ဒါအပြင် သယ်ယူခတွေ ဘာတွေနဲ့ဆိုတော့ တပ်ဖွဲ့က ရဲ‌ဘော်တွေအတွက်လည်း အကုန်လုံး မဆင်ပေးနိုင်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ဘာသာ ကုန်ကြမ်းပစ္စည်းတွေဝယ်ယူပြီး စမ်းသပ်ထုတ်လုပ်ခဲ့တာပါ။ ” လို့ PDF Kalay – Mine Team တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ကျည်ကာပြားတွေ စမ်းသပ်အောင်မြင်နိုင်ခဲ့ပြီဖြစ်တာကြောင့် အရင်ဆုံး တပ်ဖွဲ့ဝင်တွေ လုံလောက်ဖို့ ဦးစားပေးထုတ်လုပ်သွားမှာဖြစ်တဲ့အကြောင်းနဲ့ လိုအပ်နေတဲ့ တခြားတော်လှန်ရေးအဖွဲ့တွေကိုပါ ရောင်းချသွားဖို့ရှိအကြောင်း သိရပါတယ်။
“အခုဆို ကျနော်တို့ စမ်းသပ်ထုတ်လုပ်လိုက်တဲ့ အရည်အသွေးမှီ ကျည်ကာပြားတွေကို ရဲဘော်တွေအတွက် ဈေးသက်သက်သာသာနဲ့ ဆင်ပေးနိုင်တော့မှာ ဖြစ်သလို အခြားလိုအပ်တဲ့ တပ်ဖွဲ့တွေဆီလည်း ဈေးသက်သက်သာသာနဲ့ ရောင်းချပေးသွားမှာပါ။ ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ပစ္စည်းအစုံသာရှိရင် တစ်ရက်ကို ၁၀စုံ အထိပြီးပါတယ်။” လို့ PDF Kalay – Mine Team တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
PDF Kalay – Mine Team အချိန်တစ်နှစ်ယူကာ ထုတ်လုပ်ထားတဲ့ ကျည်ကာပြားတွေဟာ အရှည် ၁ပေခွဲနဲ့ အထူ ၁လက်မအထိရှိသလို ဝတ်ဆင်ရပေါ့ပါးလွယ်ကူပြီး ထိုက်သင့်သလောက် ကာကွယ်မှုပေးနိုင်တယ်လို့လည်း တာဝန်ရှိသူက ဆိုပါတယ်။
“အကောင်းဆုံးအသားနဲ့ အလတ်စားအသားကို ညှပ်ပြီး အသုံးပြုထားတဲ့အတွက် အရမ်းလည်းမကြီးသလို အရမ်းလည်း မထူပါဘူး။ ကျည်ကာအကျီထဲ ထည့်သုံးရတာပေါ့နော်။ အားသာချက်က‌ အနီးကပ်တိုက်ခိုက်မူတွေနဲ့ လက်နက်ကြီး အစ တွေကိုတော့ ထိုက်သင့်သလောက်တော့ ကာကွယ်ပေးနိုင်မှာပါ။ ” လို့ PDF Kalay – Mine Team တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
PDF Kalay Mine Team အနေနဲ့ ရှေ့မှာ ဒရုန်းဗုံးသီးတွေ ၊ မီးလောင်ဗုံးတွေနဲ့ မိုင်းသီးတွေလိုမျိုး ပေါက်ကွဲအားပြင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်အောင်မြင်ခဲ့ပြီး Operation MO MO တို့လို ကလေးအခြေစိုက် တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေထဲမှာ အရေးပါခဲ့ပါတယ်။
လက်ရှိမှာတော့ ဗုံးသီးထုတ်လုပ်မှုတွေကို ဘဏ္ဍာရေးအခက်အခဲကြောင့် ရပ်နားထားရတယ်လို့လည်း သိရပါတယ်။
“မိုင်းနဲ့ဒရုန်းဗုံးသီး ထုတ်လုပ်မူတွေ ရပ်ဆိုင်းထားရတာ ၂ပတ်လောက်ရှိပါပြီ။ ကုန်ကြမ်းဒီဇယ်တွေ အကြွေးယူထုတ်လုပ်ခဲ့ပေမယ့် အလှူငွေထောက်ပံ့မူနည်းပါးတာရော ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ရပ်နားထားရတာပါ။ အခုကျည်ကာပြားတွေကလည်း ကုန်ကြမ်းရောက်ပြီး ထုတ်လုပ်မူငွေအား မရှိတာကြောင့် ရပ်နားထားခဲ့တာ ၂လကျော်ခဲ့ပါတယ်။ အခုမှ စထုတ်ဖြစ်တာပါ။ ဒါကြောင့် အထောက်အပံ့ကောင်းကောင်းနဲ့ပံ့ပိုးမူရှိရင် နောက်ကို ကျည်ကာဦးထုပ်တွေပါ ဆက်ထုတ်သွားဖို့ရှိပါတယ်” လို့ PDF Kalay – Mine Team တာဝန်ရှိသူက ပြောခဲ့ပါတယ်။
ပုံစာ – ကျည်ကာပြားကို စမ်းသပ်ပစ်ခတ်ပြနေစဥ်
0 Shares:
You May Also Like
Read More

တပ်မတော်နေ့အတွက် စစ်ရေးပြလေ့ကျင့်နေသူများ မျောက်ကျောက်ရောဂါဖြစ်နေဟု ဆို

နေပြည်တော်မှာ တပ်မတော်နေ့အတွက် စစ်ရေးပြ ချီတက်ဖို့ လေ့ကျင့်နေတဲ့ စစ်သားတချို့ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံ သိရပါတယ်။ 
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာမြို့ပေါ် ပြန်ပေးဆွဲမှုဖြစ်ပွား၊ ဖမ်းဆီးသွားသည့်အဖွဲ့ သိန်း တစ်သောင်းဖြင့် ပြန်ရွေးခိုင်းဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသွားတဲ့အဖွဲ့က သိန်းတစ်သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။