မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စေတုတ္တရာ မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
နိုဝင်ဘာ ၂၈ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ စေတုတ္ထရာမြို့နယ်အတွင်းက ခဲပစ် ၊ ကျောက်ပုံနဲ့ ညောင်ကုန်းရွာတွေကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတာဖြစ်ပြီး လက်နက်ကြီးတွေလည်း ဆက်တိုက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“မနေ့က(နိုဝင်ဘာ ၂၇) ပွင့်ဖြူ၊ မဲဇလီ တံတားမှာ မင်းဘူးခရိုင် တပ်ရင်းတစ်ခု နဲ့ သူတို့(စကစ) တိုက်ပွဲဖြစ်တယ်။ အဲ့နောက် ပွင့်ဖြူ၊ ဆင်လူးရွာဘက်ကနေ စစ်ကူတက်လာပြီး စေတုတ္တရာထဲက ကျောက်ပုံ၊ ခဲပစ်နဲ့ ညောင်ကုန်း ရွာတွေကို လက်နက်ကြီးတွေ တရစပ်ပစ်ပြီး စစ်ကြောင်းထိုးဝင်တယ်ပေါ့။ ဒီနေ့မနက် ၈နာရီလောက်မှာ ရွာတွေကို မီးစရှို့ပါတယ်။” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်​ကြောင်းထဲမှာ စေတုတ္တရာ အခြေစိုက် ကပစ ၂၀ နဲ့ ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်တို့က စစ်ကောင်စီတပ်သားတွေအပြင် ဆင်လူးရွာခံ ပျူစောထီးတွေပါဝင်ပြီး အင်အား ၁၀၀နီးပါးနဲ့ စစ်ကြောင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကြောင်းက အခုထိ နောက်မဆုတ်သေးတော့ နေအိမ်တွေ အပျက်အစီးဘယ်လောက်ရှိမယ် မသိရသေးပါဘူး။ ဆင်လူးဘက်ကနေလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်ပေါ့နော်။ ဒါကြောင့် ဒေသခံတွေလည်း နီးစပ်ရာ တောတွေထဲ ပြေးနေကြရပါတယ်။” လို့ စေတုတ္တရာမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
အခုလို စစ်ရေးတင်းမာနေမှုတွေကြောင့် ပွင့်ဖြူမြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်း ၊ စံပြ- ဆည်တော်လမ်းပိုင်း (တောင်ဘက်မြောင်းဘောင်လမ်းပိုင်း) နဲ့ မဲဇလီရွာအနီး ရေလမ်းကြောင်းတွေကို မဖြတ်သန်းကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ရက်နေ့ကလည်း စေတုတ္ထရာနဲ့ ထိစပ်နေတဲ့ ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေဆီ မဲဇလီရဲစခန်းဘက်နေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အရပ်သား ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ပုံစာ – မင်းဘူးခရိုင်အတွင်းက စစ်ဘေးတိမ်းရှောင် ပြည်သူများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတွက် အစည်းအဝေးထိုင်နေသည့် လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို UG ၂ ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အောင်လံတွင် မိုင်းကွင်းစစ်သည့် ခြေလျင်စစ်သားများ တိုက်ခိုက်ခံရကာ ဗိုလ်လေးအဆင့်ရှိသူအပါ ၁၆ ဦးနီးပါး သေ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မိုင်းကွင်းလာစစ်တဲ့ အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ဗိုလ်လေးအဆင့်ရှိသူအပါအဝင် ၁၆ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Yoma Fighter Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းနေကုန်းရဲစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ စစ်အုပ်စုတွေ အပြင်းအထန် ထိခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မင်းနေကုန်းရွာရဲစခန်းကို ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ သွား​ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတွေ အပြင်းအထန်ထိခိုက်သွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုယာဥ်တန်းအား တော်လှန်ရေးတပ်များ ပြောက်ကျားတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၀ ဦး သေပြီး သေနတ် ၄ လက် ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ ပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား ၁၀ယောက်သေဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force (မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံမှာ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) ဖွဲ့စည်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ‌၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ ချောက်မြို့နယ် ကျေးရွာ ၃ ရွာအား မီးရှို့ဖျက်ဆီးကာ ဒေသခံ ၂ ဦးကို သတ်ဖြတ်

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ်တွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး လူ ၂ ယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။