နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးဖို့ ICC တရားရုံး ရှေ့နေချုပ်က တရားရုံးရဲ့ တရားသူကြီးတွေဆီ နိုဝင်ဘာ ၂၇ ရက် မနေ့က လျှောက်ထားခဲ့ပြီးနောက် စစ်ကောင်စီရဲ့ သတင်းမှန်ပြန်ကြားရေးက စစ်တပ်လော်ဘီမီဒီယာတွေနဲ့ နိုင်ငံခြားသတင်းဌာနတွေရဲ့ မေးမြန်းလာမှုတွေကို အခုလို ပြန်ပြီး ဖြေကြားထားတာပါ။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အကြမ်းဖက် မင်းအောင်လှိုင်က တာဝန်ရှိသူလို့ သတ်မှတ်နိုင်တာကြောင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ ရှေ့နေချုပ် Karim A.A. Khan KC က မနေ့က ICC တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။
ICC တရားရုံးမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်ပြီး အာဆီယံအတွင်းက တစ်ခုတည်းသော ICC အဖွဲ့ဝင်နိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံတစ်နိုင်ငံတည်းသာ ရှိတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ယင်းမာပင်မှာ သပိတ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ် ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း တစ်နေရာမှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF)၊ စစ်ဒေသ (၁)နဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်တို့ ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်အနုပညာရှင် မင်းမော်ကွန်း၏ ဖြတ် ရုပ်ရှင် ကနေဒါမှာ ပြသ (ဓာတ်ပုံသတင်း)

အာဏာသိမ်း စစ်ကောင်စီကို အနုပညာအားနဲ့ တော်လှန်တိုက်ခိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ဖြတ် ရုပ်ရှင်ပြပွဲကို မတ်လ ၁၅ ရက်က ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ BCIT မှာ ကျင်းပခဲ့ပါတယ်။
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ရေဘေးအကြောင်းပြပြီး စစ်လက်နက်ပစ္စည်းတွေ ပြည်ပကနေ ဝယ်ယူအားဖြည့်နေ

“ရေဘေးဖြစ်နေတဲ့အချိန်မှာ နေဲပြည်တော်ကို ရုရှားကနေ ကုန်တင်လေယာဉ်နှစ်စင်းရောက်လာတယ် ကုန်တင်လေယာဉ်တွေက အကြီးကြီးတွေဖြစ်တဲ့အတွက် Mi-17 လိုတိုက်ခိုက်ရေးလေယာဉ်တွေတောင်တင်လို့ရတယ်လို့ “CDM ပြုလုပ်ထားသူ တပ်ကြပ်ကြီး Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားသွားခဲ့တာပါ။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲ ပြုလုပ်

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။