ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ ၈၀ တပ်ရင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၅ ယောက်အပါအဝင် သေနတ် ၂၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၆ ရက်က လွိုင်ကော်မြို့အစပ်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၁၆ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၅ ယောက်အပါအဝင် သေနတ် ၂၂ လက်နဲ့ ဆက်စပ်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို KNDF ၊ ကလလတ ၊ PNDF နဲ့ Loikaw Local PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့အပြင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်ပြီးဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ 

မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

ULA/AA ၏ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦးဦးလှစောဟာ မနေ့က ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
Read More

ညီနောင် ၃ ဖွဲ့ တစ်ဖက်သတ် အပစ်ရပ်ကာလ ၁ လ ထပ်မံ သက်တမ်းတိုး

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ​ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က တစ်ဖက်သတ် အပစ်ရပ်ကာလကို ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၅၈ က တပ်ကြပ်ကြီး အပါအဝင် တပ်သား (၇) ဦး လက်နက်များနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံး အလုံး ၂၀ ကြဲတိုက်ခိုက်ရာ ၈ ယောက်ထက်မနည်း ထိခိုက်မှု ရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုဆယ်အိမ်စုကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား (၈) ယောက်ထက်မနည်း ထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။