အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့တိုက်ပွဲအတွက် စစ်ကောင်စီက စစ်ကူလွှတ်လိုက်တဲ့ ပုသိမ်အခြေစိုက် ခလရ ၁၁ နဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ က အရာရှိစစ်သည်တချို့ ရှေ့တန်းစစ်မျက်နှာကနေ ထွက်ပြေးလို့ နောက်တန်းမှာကျန်ခဲ့တဲ့ အရာရှိတချို့နဲ့ မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လိ့ သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ နိုဝင်ဘာလ ၂၄ ရက်နေ့ အမ်းမြို့နယ်က တိုက်ပွဲတွေအတွင်းထွက်ပြေးသွားတာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ်မှူးအဆင့် အပါအဝင် စုစုပေါင်း ၈ယောက်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
“ရှေ့တန်ကနေ ထွက်ပြေးတာလို့ ကြားတယ်။ ခမရ ၁၀၈က ဗိုလ်မှူး ဝင်းဇော်မိုး အပါအဝင် အရာရှိစစ်သည်အားလုံး ၈ယောက် ထွက်ပြေးသွားတာ။ နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ခလရ ၁၁ နောက်တန်းမှူးနဲ့ ခမရ ၁၀၈က နောက်တန်းမှူးတွေကို ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ခေါ်ယူထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်” လို့ ခမရ ၁၀၈ နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
စစ်ကောင်စီဟာ ရခိုင်တိုက်ပွဲတွေဆီ ဧရာဝတီတိုင်းထဲက တပ်ရင်းအများအပြားကို ပို့ဆောင်ပေးနေတာ ကြာပြီဖြစ်သလို စစ်ကူလွှတ်ခံရတိုင်း သေဆုံးမှုတွေ ဖြစ်နေတာကြောင့် အခုလို လွတ်ရာကို ထွက်ပြေးနေကြတာဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းထဲမှာလည်း အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး ကင်းလှည့်တာတွေ၊ လုံခြုံရေး တိုးမြှင့်တာတွေ၊ မကြာခဏ စစ်ဆေးရေး တင်းကြပ်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ပုံစာ – စစ်ကောင်စီတပ်သားတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ပြည်သူနေအိမ်များအတွင်း ဝင်ရောက်တပ်စွဲထားသည့် ရွာကြီးအင်းရွာ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ၊ စစ်အုပ်စုများ ထွက်ပြေးသွားသည့်အတွက် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်များကို တော်လှန်ရေးတပ်များ ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းရွာဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၃ယောက် သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Flacon Guerrilla Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောက်ဖြူနှင့် စစ်တွေတွင် အရပ်သား နေအိမ်များကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲမှု အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာ အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရခိုင်ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ်၊ မိုးမိတ်ထဲ ဝင်လာနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဆက်တိုက်နေတယ်လို့ NUG MOD ဆို

မိုးကုတ် - မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်လက်တိုက်ခိုက်နေပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့ စခန်းကုန်းတခုကို လက်ရသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။