အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လျှောက်ထားလိုက်မှုအပေါ် လွတ်လပ်တဲ့ အရပ်ဖက်အဖွဲ့အစည်း အများစုက လက်ခံကြိုဆိုကြောင်း ပူးတွဲကြေညာချက်တွေ ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးဖို့ ICC တရားရုံး ရှေ့နေချုပ်က တရားရုံးရဲ့ တရားသူကြီးတွေဆီ နိုဝင်ဘာ ၂၇ ရက် မနေ့က လျှောက်ထားခဲ့ပြီးနောက် အရပ်ဖက်အဖွဲ့အစည်းတွေက လက်ခံကြိုဆိုတဲ့ ပူးတွဲကြေညာချက်တွေ ထုတ်ပြန်လာတာပါ။
ရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန်က ICC တရားရုံးကို တင်သွင်းလိုက်ပြီးတဲ့နောက် အမြန်ဆုံးအရေးယူဖမ်းဆီးဖို့လည်း ထပ်ဆင့်တောင်းဆိုလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ကို တင်ပြလိုက်ခြင်းအပေါ် ထောက်ခံကြိုဆိုလိုက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့လည်း တိုက်တွန်းပါတယ်။
Burma Campaign UK အဖွဲ့ကလည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက်ကို ကြိုဆိုတယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတကာဥပဒေတွေ ချိုးဖောက်မှုတွေရဲ့ နောက်ဆက်တွဲ အရေးယူခံရတာတွေကို မခံစားရဘဲ ဆယ်စုနှစ် တွေကြာအောင် လွတ်မြောက်နေလို့ တရားမျှတမှုရဖို့ တဖြည်းဖြည်းနဲ့ နီးကပ်လာပေမယ့် ဒီကိစ္စက ရေရှည်သွားရမယ့် ခရီးဖြစ်တယ်လို့လည်း ရှုမြင်ကြောင်း Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ တခြားသော အရပ်ဖက်အဖွဲ့အစည်း ၃ခု ထက်မနည်းကလည်း မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြလာခြင်းအပေါ် အမြန်ဆုံးအကောင်အထည်ဖော်ဖို့ လိုအပ်နေပြီး မြန်မာ့အရေးမှာ အခုလို ICC ရဲ့လုပ်ရပ်ဟာ ပိုမိုထိရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၊ Human Rights Watch အပါအဝင် နိုင်ငံတကာအဖွဲ့တွေကလည်း ICC တရားရုံးရဲ့ မင်းအောင်လှိုင်အပေါ် ဖမ်း၀ရမ်းထုတ်ရေး လျှောက်ထားမှုဆိုင်ရာ ထုတ်ပြန်ချက်အပေါ် အပြုသဘောရှုမြင်ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးမိန့်ထုတ်ပေးဖို့ ICC တရားရုံး ရှေ့နေချုပ်က တရားရုံးရဲ့ တရားသူကြီးတွေဆီ နိုဝင်ဘာ ၂၇ ရက် မနေ့က လျှောက်ထားခဲ့ပြီးနောက် စစ်ကောင်စီရဲ့ သတင်းမှန်ပြန်ကြားရေးက အခုလိုစွဲချက်တင်မှုအပေါ် အသိအမှတ်မပြုဘူးလို့လည်း စစ်တပ်လော်ဘီ မီဒီယာတွေကတဆင့် တုံ့ပြန်ပြောကြားထားပါတယ်။
ICC တရားရုံးမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်ပြီး အာဆီယံအတွင်းက တစ်ခုတည်းသော ICC အဖွဲ့ဝင်နိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံတစ်နိုင်ငံတည်းသာရှိတာပါ။
လျှောက်ထားဆဲ ဖြစ်တဲ့အတွက်ကြောင့် တရားရုံးတော်က ဘယ်လိုမျိုး ဆက်ပြီးဆုံးဖြတ်မယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်သွင်းလာမှုမှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို အသေးစိတ် လေ့လာစုံစမ်းပြီး တောင်းဆိုတာ ဖြစ်တဲ့အတွက် ဒီအမှုတွေမှာ တကယ်ကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ တိကျခိုင်မာတဲ့ အချက်တွေကို တွေ့ရှိခဲ့ပြီလို့ ယူဆရနိုင်ကြောင်း မြန်မာ့အရေး လေ့လာသူအချို့ကဆိုပါတယ်။
အခုလိုမျိုး ဖမ်း၀ရမ်းထုတ်ခြင်းခံခဲ့ရတဲ့ ဖြစ်စဉ်တွေအနေနဲ့ ၂၀၂၃ ခုနှစ်က ရုရှားသမ္မတပူတင်၊ ၂၀၂၄ ခုနှစ်မှာ အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အစ္စလာမစ်နိုင်ငံတချို့က ခေါင်းဆောင်တွေကိုလည်း နယ်သာလန်နိုင်ငံ အခြေစိုက် ICC က ဖမ်း၀ရမ်းထုတ်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ကရင်နီမှာ တော်လှန်ရေးစိုးမိုးနယ်မြေ ကျယ်ပြန့်သွားစေတဲ့ ၁၁၁၁ စစ်ဆင်ရေး တစ်နှစ်ပြည့်ခဲ့ပြီ

၁ လေးလုံး စစ်ဆင်ရေးကို ကရင်နီတပ်ပေါင်းစုတွေက ကယားပြည်နယ် (ကရင်နီ)ရဲ့ မြို့တော် လွိုင်ကော်မြို့ဆီ ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁ နှစ်တိတိပြည့်ခဲ့ပါပြီ။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ (ဝက်လက်) က ရဲဘော်တွေကို အောက်တိုဘာလ ၂၈ ရက်မှာ ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police က ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါးမှာ စစ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်သား ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ဆောင်နေ…

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ၊ ခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ကျစ်လျစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က စတင်လို့ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရာ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ တိုက်ပွဲအချို့လည်း ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။