မကွေးတိုင်း မင်းတုန်းမြို့နယ်ရှိ ငှက်ပျင်း၊ မြောက်ပြင်၊ ကြို့ဝကျေးရွာတွေကို အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ ရာ ၅ ယောက်သေသွားခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်ထံက သိရပါတယ်။

ကပစ ၁၂၊ ကပစ ၁၈၊ ခလရ ၄၄၊ တပ်မ ၅၅ နဲ့ ပျူစောထီး ၅ ယောက်ပါဝင်တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားချိန် နိုဝင်ဘာ ၂၀ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး နိုဝင်ဘာ ၂၂ ရက်မှ ကြို့ဝကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဝင် ရောက်ထားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ထပ်မံပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၅ ယောက်သေခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်က တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သားအများအပြား သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ ကျောင်းသားလက်ရုံးတပ်တော်(SAF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ တော်လှန်သစ္စာ

တော်လှန်သစ္စာရဲ့ နောက်မှာ အမြဲရပ်တည်နေမယ့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားများရဲ့ တာဝန်ထမ်းဆောင်မှုကို မြေပြင်အရောက်ပို့ဆောင်ပေးနေပါတယ်။
Read More

ဖားဆောင်း မော်ချီးဒေသတွင် စစ်ကော်မရှင် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂၄ ဦးအထိ သေဆုံးခဲ့ရ (ရုပ်/သံ)

ကရင်နီပြည် ဖား‌ဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုအတွင်း အရပ်သားပြည်သူ ၂၄ ယောက်ထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့ စီမံကိန်းရုံး စစ်တပ်အထိုင်စခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၂ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် စီမံကိန်းရုံး စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၁၂ ယောက်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ က ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကနိုဝင်ဘာ ၂၃ ရက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးဟောင်း ၁ ယောက်နဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့သည့် ခင်ဦးမြို့နယ် တိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းပျက် သေဆုံးခဲ့ရတဲ့ တိုက်ပွဲရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ဒီနေ့ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းကနေ ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းသိမ်းပိုက်ရရှိခဲ့ အတွင်း ၁၂၀ မမ လက်နက်ကြီး၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။