အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၀ ရက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ အင်အားအလုံးအရင်းနဲ့ ပအိုဝ်းဒေသဖြစ်တဲ့ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသကို ဝင်ရောက်ကာ PNLA ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက် မနေ့ကလည်း မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသ တောင်ဘက်ရှိ PNLA တပ်စခန်းကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း ပအိုဝ်းဒေသအတွင်းက ပအိုဝ်းကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ဖျက်ဆီး တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ပအိုဝ်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံမှုကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က အဲ့ဒီဒေသမှာ တိုက်ပွဲဖော်ဆောင်မှုမပြုလုပ်ခဲ့ပေမယ့် စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေကတော့ ပအိုဝ်းနယ်မြေထဲ ကျူးကျော်လာပြီး တိုက်ခိုက်လာခဲ့တာဖြစ်တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
ပုံစာ – PNO ပြည်သူ့စစ်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ပွင့်ဖြူနှင့် စလင်းတွင် စစ်အုပ်စုက ခရီးသည်ကားများကို ပစ်မှတ်ထားပြီး လူငယ်များကိုပေါ်တာဆွဲ၊ ၂ လအတွင်း လူငယ် ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
Read More

တပ်မ ၉၉ လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် (၉၉) လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ အလင်းဝင်
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရပ်သား ၄၀ ကျော် တော်လှန်ရေးတပ်တွေဆီ ခိုလှုံလာခဲ့ပြီး စစ်အုပ်စုတွေ တချို့ထွက်ပြေး၊ တချို့သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ပျူရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က အသေအပျောက်ရှိသလို တချို့တစ်ဝက်ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။