ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ရှိ စခန်းကုန်းကနေ စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ယောက် သေဆုံးပြီး သုံ့ပန်း (၁၄) ယောက်၊ လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ (၂၃) ရက်မှာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်မှာရှိတဲ့ တစ်မိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းစစ်ကြောင်းက အမ်း-ပဒါန်း လမ်းပိုင်းတစ်နေရာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂ ) ယောက် သေဆုံးပြီး စစ်သုံ့ပန်း (၁၄) ယောက်၊ လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တဲ့အပြင် ဖွဲ့စည်းပုံပျက်ပြီး တကွဲတပြားစီ ထွက်ပြေး​နေတဲ့ စစ်ကောင်စီတပ်ကို ဆက်လက် နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ အရှိုချင်းကာကွယ်​ရေးတပ်ဖွဲ့ (ACDF) နဲ့ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း ပူးပေါင်းပါဝင်ခဲ့ဖြစ်ပြီး ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးကာ စစ်သုံ့ပန်းမူဝါဒနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဘန့်ဘွေးရွာမှ ထွက်လာသည့် စစ်အုပ်စုနှင့် ပျူစောထီးတို့၏ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျုစောထီးတွေရဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရင်းမြစ်ဌာနေဆီက သိရပါတယ်။
Read More

နယ်ခြားစောင့်တပ် (၁၀၀၃) စင်ကြိုင်နဲ့ ကန်ပိုက်တည်းက ရတမ ၃၈၉ တပ်ကို KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် (စင်ကြိုင်)နဲ့ ကန်ပိုက်တည်းမြို့က ရတမ ၃၈၉ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

မြဝတီမြို့အနီး စစ်ကောင်စီက လေယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတချို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရရှိထား

ကရင်ပြည်နယ်၊ မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးနေတယ်လို့ ဒေသခံရဲ့အဆိုကို ကိုးကားပြီး မောင်းမီဒီယာမှာ မနေ့က ကနဦးသတင်းဖော်ပြခဲ့ပါတယ်။
Read More

ပေါက်နှင့် မြိုင်အစပ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်တွေ တစ်ရက်တည်း ၂ ကြိမ် တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၃ ယောက် သေ၊ ၁၃ ယောက် ထိခိုက်ပြီး TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံလည်း ကျဆုံးခဲ့ရ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Read More

ဝမ်းတွင်းမြို့တွင် ရွေးကောက်ပွဲ အတုအပြီး ပေါ်တာဆွဲမှု ပိုဆိုးလာသဖြင့် ရွာလုံးကျွတ် ရှောင်တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်ရတာတွေ ရှိလာတယ်လို့  ဒေသခံသတင်း အရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

သထုံခရိုင်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၃ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။