တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၁ ရက် နေ့လည်ပိုင်းက တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ၊ ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ကင်းလှည့်ဖို့ ခြေလျင်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ယောက်ခန့်ကို မြိတ်နဲ့တနင်္သာရီ နယ်ခြားမှတ်တိုင်အရောက်မှာ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ က တော်လှန်ရေးရဲဘော်တွေ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၂ ရက် မနက်ပိုင်းမှာလည်း ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကနေ မြိတ်မြို့နယ်ဘက်ကို အကြမ်းဖက်စစ်သား ၁၁ ယောက် လမ်းကင်းထွက်လာချိန် နယ်ခြားမှတ်တိုင်အနီးမှာပဲ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ က တော်လှန်ရေး ရဲဘော်တွေ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုတွေအပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၀ မိနစ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သလို သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကိုတော့ ခမရ ၅၅၆ ဇဝဲတပ်ရင်းဘက်ကို ကားနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။
ပုံစာ – ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရှေ့တန်းစစ်မြေပြင်မှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းက ရှေ့တန်းစစ်မြေပြင်တစ်ခုမှာ ကင်း‌စောင့်နေတဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - SSLRU က ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘုတလင်က စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ကျောင်းသားလက်ရုံးတပ်တော် သွားရာက်ကူညီ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်တို့က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းနှင့် ပဲခူးတိုင်း ငလျင်ဒဏ်သင့်ဒေသများကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေ

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းက ငလျင်ဒဏ်သင့်ဒေသတွေကို လူ့အခွင့်အရေးရာတာဝန်ခံအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်အတွင်းမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာ နဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေ 

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်စဲကြောင်း မနေ့က ကြေညာချက်ထုတ်အပြီး ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးတာ ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တိုက်ခိုက်ခံရတဲ့နေရာရဲ့ မြေပုံနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ်သား ၈ ဦး သေသည့် စစ်ကွင်းတာဆုံဂိတ် စီးနင်းတိုက်ခိုက်မှု၊ “ဒဏ်ရာရတဲ့ ၄ကောင် မှာလည်း ၃ကောင်က အခြေအနေ မကောင်းဘူး။ ဗိုက်ပွင့်တဲ့သူကပွင့် ခြေပြတ်တဲ့သူက ပြတ်နဲ့ပါ”

ရန်ကုန်-ပြည် လမ်းပိုင်းပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံဂိတ်ကို ၂ရက်ဆက် တိုက်ခိုက်မှုမှာ စစ်အုပ်စု ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက  ​မောင်းကို ပြောပါတယ်။