မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စေတုတ္တရာ မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
နိုဝင်ဘာ ၂၈ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ စေတုတ္ထရာမြို့နယ်အတွင်းက ခဲပစ် ၊ ကျောက်ပုံနဲ့ ညောင်ကုန်းရွာတွေကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတာဖြစ်ပြီး လက်နက်ကြီးတွေလည်း ဆက်တိုက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“မနေ့က(နိုဝင်ဘာ ၂၇) ပွင့်ဖြူ၊ မဲဇလီ တံတားမှာ မင်းဘူးခရိုင် တပ်ရင်းတစ်ခု နဲ့ သူတို့(စကစ) တိုက်ပွဲဖြစ်တယ်။ အဲ့နောက် ပွင့်ဖြူ၊ ဆင်လူးရွာဘက်ကနေ စစ်ကူတက်လာပြီး စေတုတ္တရာထဲက ကျောက်ပုံ၊ ခဲပစ်နဲ့ ညောင်ကုန်း ရွာတွေကို လက်နက်ကြီးတွေ တရစပ်ပစ်ပြီး စစ်ကြောင်းထိုးဝင်တယ်ပေါ့။ ဒီနေ့မနက် ၈နာရီလောက်မှာ ရွာတွေကို မီးစရှို့ပါတယ်။” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်​ကြောင်းထဲမှာ စေတုတ္တရာ အခြေစိုက် ကပစ ၂၀ နဲ့ ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်တို့က စစ်ကောင်စီတပ်သားတွေအပြင် ဆင်လူးရွာခံ ပျူစောထီးတွေပါဝင်ပြီး အင်အား ၁၀၀နီးပါးနဲ့ စစ်ကြောင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကြောင်းက အခုထိ နောက်မဆုတ်သေးတော့ နေအိမ်တွေ အပျက်အစီးဘယ်လောက်ရှိမယ် မသိရသေးပါဘူး။ ဆင်လူးဘက်ကနေလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်ပေါ့နော်။ ဒါကြောင့် ဒေသခံတွေလည်း နီးစပ်ရာ တောတွေထဲ ပြေးနေကြရပါတယ်။” လို့ စေတုတ္တရာမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
အခုလို စစ်ရေးတင်းမာနေမှုတွေကြောင့် ပွင့်ဖြူမြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်း ၊ စံပြ- ဆည်တော်လမ်းပိုင်း (တောင်ဘက်မြောင်းဘောင်လမ်းပိုင်း) နဲ့ မဲဇလီရွာအနီး ရေလမ်းကြောင်းတွေကို မဖြတ်သန်းကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ရက်နေ့ကလည်း စေတုတ္ထရာနဲ့ ထိစပ်နေတဲ့ ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေဆီ မဲဇလီရဲစခန်းဘက်နေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အရပ်သား ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ပုံစာ – မင်းဘူးခရိုင်အတွင်းက စစ်ဘေးတိမ်းရှောင် ပြည်သူများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်ကော်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ရာမညမွန်တပ်တော်ထံ အလင်းဝင်

မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့ဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA) ထံကို စစ်ကောာင်စီတပ်သား ၂ ယောက် လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်ခိုလှုံလာတယ်လို့ RMA က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပေါင်းတည်တွေ တိုက်ပွဲမှ ဆုတ်ခွာနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုများရှိဟု ဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာနဲ့ မအူကွင်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထပ်မံသေဆုံးမှုတွေ ရှိတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ စွန့်ခွာကြဖို့ အရပ်သားတွေကို ပအဖ အသိပေး

၂၀၂၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ ထီးလင်းမြို့နယ် ပအဖ က သတိပေးစာတစ်ခုကို မနေ့က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ဝေဖန်သူ ၈၈ ဦး ဖမ်းဆီးထားကြောင်း စစ်ကော်မရှင် ထုတ်ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ ဝေဖန်မိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းနဲ့ လက်ရှိမှာ စစ်တပ်ရဲ့ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို အသုံးချပြီး ဖမ်းဆီးထားသူ ၈၈ယောက် ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဉ်းများ အားလုံး အမြန်ဆုံးလွှတ်ပေးရေး လွှတ်တော်ကိုယ်စားပြုကော်မတီများ တောင်းဆို

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ဒီနေ့မှာ ပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။