စစ်ကို နိုင်အောင်တိုက်ပြီး တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှု အရှိန်ကိုမြှင့်တင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သူ ဦးလွင်ကိုလတ်ကပြောပါတယ်။
စစ်ရေးကို အနိုင်တိုက်ပြီး လူထုမျှော်မှန်းတဲ့ အာဏာရှင်စနစ်ကို အပြီးသတ်တိုက်ဖျက်မယ်လို့ ဦးလွင်ကိုလတ် လူထုလှုပ်ရှားမှု ရက်သတ္တပတ် အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ဦးလွင်ကိုလတ်က တော်လှန်ရေးကာလ အုပ်ချုပ်ရေးထူထောင်ဆောင်ရွက်မှု၊ စစ်ရေးအရှိန်မြှင့်တင်မှုနှင့် မြေပြင် လူထုလှုပ်ရှားမှုကြား ချိတ်ဆက် ဖော်ဆောင်နိုင်ရေးအခြေအနေတွေကိုလည်း အသေးစိတ်ပြောကြားခဲ့ပါတယ်။
လူထုလှုပ်ရှားမှုနဲ့အတူ စစ်ကိုနိုင်အောင်တိုက်ပြီးမှသာ အုပ်ချုပ်ရေးဘက်ကို အသွင်ကူးပြောင်းပြီးတိုင်းပြည်ကို တည်ငြိမ်အောင်ထိန်းသိမ်းရမယ်လို့လည်းဆိုပါတယ်။
ပြည်သူတစ်ရပ်လုံး အနေနဲ့ နွေဦးတော်လှန်ရေး အစပုံရိပ်များကို ပြန်ကြည့်ပြီး ရှေ့ဆက်တော်လှန်ရေး၌ ပါဝင်နိုင်သည့် ကဏ္ဍမှ ဆက်လက်ပါဝင်ဖို့လည်း ဦးလွင်ကိုလတ်က တောင်းဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်း၌ စုစည်းကာ လက်တွေ့ကျကျ လုံ့လထုတ်စေလိုကြောင်း ယာယီသမ္မတဒူဝါလရှီးလကလည်း တိုက်တွန်းပြောကြားထားပါတယ်။
ယာယီ သမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့မှာ ပြည်တွင်း၌ နေထိုင်လျက်ရှိတာပါ။
၄ နှစ်ပြည့်တော့မယ့် တော်လှန်ရေးကာလအတွင်း အခြေအနေ ပေးထားချက်များထဲမှ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင်ထမ်းရွက်ကျဖို့ အစိုးရအဖွဲ့ဝင်အားလုံးကို ယာယီသမ္မတက တိုက်တွန်းပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

အကြမ်းဖက်စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည်ဟု ကြေညာ

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
Read More

မြန်မာ့နိုင်ငံရေးပြဿနာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မပြေလည်နိုင်၊ ပဋိပက္ခများ ပိုတိုးလာနိုင်သည့် ရွေးကောက်ပွဲ လုံးဝ အသိအမှတ်မပြုကြောင်း NLD ထုတ်ပြန်…

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဖြစ်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ပြေလည်မှာ မဟုတ်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တွန်းဇံမြို့အနီး ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၃၁) ရက် မနေ့က မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ THE GOVERNMENT OF CHINLAND က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

အရပ်သားများအား ဖမ်းလာသည့် စစ်တပ်ထောက်ပို့စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ပြီး ဓားစာခံများကို ကယ်ထုတ်နိုင်ခဲ့၊ စစ်ကောင်စီဘက်မှ ၃ ဦး သေ၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးလာတဲ့ အကြမ်းဖက်ထောက်ပို့စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရင်း ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁ယောက်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ Scorpions People Defense Force တာဝန်ရှိသူ ရဲဘော်ပေါ့ဘာက မောင်းကို ပြောပါတယ်။