ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ ၈၀ တပ်ရင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၅ ယောက်အပါအဝင် သေနတ် ၂၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၆ ရက်က လွိုင်ကော်မြို့အစပ်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ်ရင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၁၆ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၅ ယောက်အပါအဝင် သေနတ် ၂၂ လက်နဲ့ ဆက်စပ်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို KNDF ၊ ကလလတ ၊ PNDF နဲ့ Loikaw Local PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့အပြင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဆက်ပြီးဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ချင်းနှင့် စစ်ကိုင်း စစ်မျက်နှာများတွင် စစ်တပ်ကို အဆင့်မြင့်နည်းပညာသုံး ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် AIF Myanmar 

အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်းစခန်းနဲ့ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး (AIF Myanmar) က မနေ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်သမား၊ စစ်တပ်ကို တိုင်းပြည်ကာကွယ်သူအဖြစ် ရှုမြင်တဲ့ ဗိုလ်ကြီး ညီညီအောင်နဲ့ စစ်တပ်သတင်းပေးကို KNU ထံ လွှဲပြောင်းထား

ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပေါ်မှာ ဖမ်းဆီးရမိတဲ့ ခလရ(၅၇) တပ်ရင်း ဗိုလ်ကြီး ညီညီအောင်နဲ့ သတင်းပေးဆိုသူတို့ကို အရေးယူနိုင်ဖို့ KNU  ထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်နဲ့ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်သားတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

အင်းတော်နယ် လေဘိုရွာကို စစ်တပ်ကလေကြောင်းဗုံးကြဲရာ လသားအရွယ်နှင့်မိသားစုဝင် ၇ ဦးအပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲဘအတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Indaw Revolution - IR ဆီက သိရပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ အခြေခံစစ်သင်တန်းတက်ရောက်ရန် သင်တန်းသားသစ်များ ခေါ်ယူနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သား ၆၀ ကျော် အရှင်ဖမ်းမိ…၊ စစ်တပ်က သေဆုံးသူနှင့် ထွက်ပြေးသူ ၄၀ ထက်မနည်းရှိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၆၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။