ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာထိပ်အနီးမှာ နယ်မြေအငြင်းပွားမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြား နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ DKBA ဘက်က အဆိုပါ ဂျပန်ရေတွင်းကျေးရွာမှာ NMSP ဂိတ်နဲ့ မီတာ ၂၅၀ သာ ကွာဝေးတဲ့နေရာမှာ ဂိတ်အသစ်လာချရာကနေ စပြီး နှစ်ဖက် အခြေအနေ စတင်တင်းမာခဲ့တာပါ။
“DKBA တွေကို ဂိတ်ပြန်ဖြုတ်ပေးဖို့ တာဝန်ရှိသူတွေက ပြောပြီး ညှိနေတယ်။ ဒါပေမယ့် ဖြုတ်မှာ မဟုတ်လောက်ဘူး။” လို့ ဒေသခံ ပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
လက်ရှိမှာတော့ နှစ်ဖွဲ့လုံးဟာ သက်ဆိုင်ရာ ဂိတ်စခန်းတွေမှာ လူအင်အားတွေ ဖြည့်ကာ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တဲ့ အခြေအနေနဲ့ တင်းမာလျက်ရှိနေတယ်လို့ ဆိုပါတယ်။
DKBA တပ်ဖွဲ့တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ NMSP စိုးမိုးနယ်မြေဖြစ်တဲ့ ဂျပန်ရေတွင်းကျေးရွာ၊ တပ်ရင်း (၃) အနီးမှာ ဂိတ်စခန်းလာချတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အထက်ပါ ဒေသခံကပဲ ဆက်လက်ပြီး “အရင်တုန်းကလည်း DKBAက ဂိတ်ပြန်မဖြုတ်ခဲ့ဘူး။ ပုံမှန်ဆို ဂိတ်က လူ ၄-၅-၁၀ ယောက်လောက်နဲ့ပဲ ထိုင်ကြတာပါ။ အခုတော့ နှစ်ဖက်စလုံးမှာ အင်အား ၃၀ လောက်နဲ့ ဆောင်နေကြတယ်။” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဘုရားသုံးဆူမြို့ကို ဗိုလ်အေဝမ်းဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်တပ်ရဲ့ အာဏာသက်ရောက်မှုလည်း မရှိပါဘူး။
ဗိုလ်အေဝမ်းဟာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လူမျိုးတွေကို ဘုရားသုံးဆူမြို့မှာ နေထိုင်ခွင့်နဲ့ လောင်းကစားဝိုင်းလုပ်ခွင့်တွေကို အခကြေးငွေယူကာ လက်ခံထားသူဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ပုံစာ – ၂၀၁၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ DKBA အဖွဲ့တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနား။
ဓာတ်ပုံ – (Thuya Zaw / Frontier)
0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံများ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ ပျူစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လည်ပိုင်းက စတင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဟာ ၃ ရက်တာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၂၃ ယောက်ခန့် သေဆုံးကာ တော်လှန်ရေးရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၅၄ ဦး အလင်းဝင်လာ၊ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိ

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ယောက်နဲ့ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။