မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စေတုတ္တရာ မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
နိုဝင်ဘာ ၂၈ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ စေတုတ္ထရာမြို့နယ်အတွင်းက ခဲပစ် ၊ ကျောက်ပုံနဲ့ ညောင်ကုန်းရွာတွေကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတာဖြစ်ပြီး လက်နက်ကြီးတွေလည်း ဆက်တိုက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“မနေ့က(နိုဝင်ဘာ ၂၇) ပွင့်ဖြူ၊ မဲဇလီ တံတားမှာ မင်းဘူးခရိုင် တပ်ရင်းတစ်ခု နဲ့ သူတို့(စကစ) တိုက်ပွဲဖြစ်တယ်။ အဲ့နောက် ပွင့်ဖြူ၊ ဆင်လူးရွာဘက်ကနေ စစ်ကူတက်လာပြီး စေတုတ္တရာထဲက ကျောက်ပုံ၊ ခဲပစ်နဲ့ ညောင်ကုန်း ရွာတွေကို လက်နက်ကြီးတွေ တရစပ်ပစ်ပြီး စစ်ကြောင်းထိုးဝင်တယ်ပေါ့။ ဒီနေ့မနက် ၈နာရီလောက်မှာ ရွာတွေကို မီးစရှို့ပါတယ်။” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်​ကြောင်းထဲမှာ စေတုတ္တရာ အခြေစိုက် ကပစ ၂၀ နဲ့ ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်တို့က စစ်ကောင်စီတပ်သားတွေအပြင် ဆင်လူးရွာခံ ပျူစောထီးတွေပါဝင်ပြီး အင်အား ၁၀၀နီးပါးနဲ့ စစ်ကြောင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကြောင်းက အခုထိ နောက်မဆုတ်သေးတော့ နေအိမ်တွေ အပျက်အစီးဘယ်လောက်ရှိမယ် မသိရသေးပါဘူး။ ဆင်လူးဘက်ကနေလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်ပေါ့နော်။ ဒါကြောင့် ဒေသခံတွေလည်း နီးစပ်ရာ တောတွေထဲ ပြေးနေကြရပါတယ်။” လို့ စေတုတ္တရာမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
အခုလို စစ်ရေးတင်းမာနေမှုတွေကြောင့် ပွင့်ဖြူမြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်း ၊ စံပြ- ဆည်တော်လမ်းပိုင်း (တောင်ဘက်မြောင်းဘောင်လမ်းပိုင်း) နဲ့ မဲဇလီရွာအနီး ရေလမ်းကြောင်းတွေကို မဖြတ်သန်းကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ရက်နေ့ကလည်း စေတုတ္ထရာနဲ့ ထိစပ်နေတဲ့ ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေဆီ မဲဇလီရဲစခန်းဘက်နေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အရပ်သား ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ပုံစာ – မင်းဘူးခရိုင်အတွင်းက စစ်ဘေးတိမ်းရှောင် ပြည်သူများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ပြင်ဦးလွင်ခရိုင် PDF ၅၁၂ တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်များအတွက် ကျည်ကာဝတ်စုံများ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်စစ်ဌာန၊ အမှတ်(၅၁၂)တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်တွေကို ကျည်ကာဦးထုပ်နဲ့ ကျည်ကာဝတ်စုံများ ထပ်မံတပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဒီကနေ့ ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

နယ်စပ်တည်ငြိမ်ရေး ထိခိုက်စေသည့် အစွန်းရောက် စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း AA ပြော

အာရက္ခတပ်တော် (AA) ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ပြီး တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

ပခုက္ကူ -ကမ္မ -‌ ရေပြာလမ်းပိုင်းနှင့် ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်မှ စစ်သား ၂ ဦး အလင်းဝင်လာ

မကွေးတိုင်းအတွင်း ပခုက္ကူ-ကမ္မ-‌ ရေပြာလမ်းပိုင်းနဲ့ ကမ္မဒေသအတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ မြိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့မရဲစခန်းကို PDF များ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ်နှင့် ရဲတပ်သား သေဆုံးပြီး ရဲ ၆ ဦးခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ၆ ယောက်ခန့် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။