နေပြည်တော် MICC2 မှာပြုလုပ်တဲ့ စစ်ကောင်စီတပ်ရဲ့ ထိပ်တန်းအရာရှိ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ရှားထူးဝေါ်အဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့သား မင်္ဂလာဧည့်ခံပွဲကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲနဲ့စစ်သားတချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့သလို မင်္ဂလာဆောင်လာတဲ့ စစ်ဗိုလ်ချုပ်အချို့လည်း ကြောက်လန့်ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မင်္ဂလာဧည့်ခံပွဲ ကျင်းပမယ်ဆိုတာနဲ့ စစ်ခေါင်းဆောင်တွေ တက်မယ်ဆိုတဲ့ သတင်းရတာကြောင့် စနစ်တကျ ပြင်ဆင်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ နေပြည်တော်က ဝန်ထမ်းအိမ်ရာအတွင် ဒရုန်းနှစ်စင်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြလာပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone အဖွဲ့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud Drone အဖွဲ့နဲ့ နေပြည်တော်စစ်တိုင်းဌာနတို့က အသေခံဒရုန်းမစ်ရှင်များကို ဆက်တိုက် အကောင်အထည်ဖော်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်း ပထမအကြိမ် သံတောင်ကြီး-ဘုရင့်နောင်တပ်မြို့ နှင့် လိပ်သို ဗျူဟာကုန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့မှု အပါအဝင် ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၁ရက်နံနက်ပိုင်း – သံတောင်ကြီး ဘုရင့်နောင်တပ်မြို့ အားထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် ‌မင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်ထွက်ခွာချိန်၌ နေပြည်တော်လေဆိပ်သို့ Fixed Wing အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ဆင်ရေးတွေအတွင်း တိုက်ခိုက်မှုတွေကြောင့် ဗိုလ်မှုးတစ်ဦး ၊ဗိုလ်ကြီး တစ်ဦး ၊ တပ်ကြပ်ကြီးတစ်ဦး ၊ တပ်သားနှစ်ဦး ၊လေဆိပ်လုံခြုံရေးနှစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဗဟန်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ပက်လက်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှောင်တိမ်းနေရသည့် စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်နေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံများစွာ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ နယ်စပ်ကုန်သွယ်ခွင့် ပိတ်ပင်မှုကြောင့် ကုန်ဈေးနှုန်းများ ထိုးတက်လာနေ 

အာဏာသိမ်း စစ်ကော်မရှင်ဟာ ဆေးဝါးတွေ အပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။ 
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။
Read More

ဖြူး-အုတ်ဖြတ်လမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းပေါ်က တာကျိုးလမ်းဆုံမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) အာဠာဝကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။