စစ်ရေးတွေ ပြင်းထန်နေတဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ စီသရီးတောင်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီလို့ ချင်းအခြေစိုက် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က စတင်ပြီး အဲ့ဒီ့စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ကာ မနေ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီစခန်း စီသီရီးတောင် (ပွိုင့် ၃ စခန်း) ကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
စက်သေနတ်တစ်လက်အပါအဝင် သေနတ် ခြောက်လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဟားခါးမြို့အနီး Rual-U သုသာန်၀န်းကျင်နဲ့ ဟားခါး-ထန်တလန်အကြားတွင် နို၀င်ဘာ ၂၂ရက်နေ့မှစတင်ကာ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြားတိုက်ပွဲတွေလည်းပြင်းထန်ခဲ့တယ်လို့လည်းဆိုပါတယ်။
နို၀င်ဘာ ၂၂ရက်နေ့မှ မနေ့က နို၀င်ဘာ ၂၆ရက်နေ့အထိ စစ်ကောင်စီဖက်မှ လေကြောင်းနဲ့ ဟားခါးမြို့ ၂၆၆ တပ်စခန်းမှလက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံတိုက်နေကြောင်း သိရပါတယ်။
တစ်ဆက်တည်းမှာပဲ ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ဖလမ်းမြို့မှာ နောက်ထပ် ချင်းတော်လှန်ရေးအင်အားစုတပ်ဖွဲ့ဖြစ်တဲ့ ချင်းညီနောင်က ဖော်ဆောင်တဲ့ မြို့သိမ်းတိုက်ပွဲ ပြင်းထန်လျှက်ရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မော်လမြိုင်မှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေး အဖွဲ့ဝင်နဲ့ ရဲဒုတပ်ကြပ် စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ ၁၆လမ်း၊ ပန်းခြံကျောင်းဘုန်းကြီးကျောင်း အရှေ့က နေအိမ်တစ်ခုမှာ ကရင်ထာဝရ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရေးအဖွဲ့ဝင် နိုင်မင်းမင်းဇော်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲဒုတပ်ကြပ် ထက်ဝေအောင်တို့ စကားများရာကနေ ပစ်ခတ်မှုဖြစ်ပွါးပြီး ရဲဒုတပ်ကြပ်ရဲ့ ဘယ်ဘက်ရင်အုံကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
Read More

လွိုင်ကော်တိုက်ပွဲတွင် KNDF အမှတ် (၁၄) တပ်ရင်းမှ တပ်စုမှူး ကျဆုံး

ကရင်နီပြည်၊ လွိုင်ကော်တိုက်ပွဲမှာ KNDF အမှတ် (၁၄) တပ်ရင်းက တပ်စုမှူးတစ်ယောက် ကျဆုံးသွားတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် (၁၄) တပ်ရင်းမှာ တပ်စုမှူးအဖြစ် စစ်မှုထမ်းဆောင်နေတဲ့ ခူးလောရယ်ဟာ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရင်း နိုဝင်ဘာ ၃၀ ရက်နေ့ ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုင်အမာစခန်းနေရာတွေကို ၄ နေရာကို သိမ်းပိုက်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။
Read More

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ယောက်အပါ ဒေသခံ (၃) ယောက် သေဆုံး၊ (၁၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ယောက်အပါအဝင် ဒေသခံ (၃) ယောက် သေဆုံးပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရသူများကို MNDAA သူရဲကောင်းဘွဲ့ချီးမြှင့်… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် အောက်မေ့ဂုဏ်ပြုတဲ့ အခမ်းအနားကို ကိုးကန့်တပ်မတော် (MNDAA) ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။