တနင်္သာရီမြို့နယ် ဇဝဲကျေးရွာ ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ အကြမ်းဖက်စစ်သားတွေ မိုင်း ဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ တနင်္သာရီမြို့နယ်ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ အင်အား ၉ ယောက်ခန့်နဲ့ ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ် နယ်ခြားမှတ်တိုင် အနီး မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိ တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၂ ရက်က ခမရ ၅၅၆ ခြေမြန်တပ်ရင်းမှ မြိတ်မြို့နယ်ဘက်သို့ အင်အား ၁၁ ယောက်နဲ့ ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့အကြမ်းဖက်စစ်သားတွေဟာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးပတ်ကျင်ကို ၁၀ မိနစ်ကြာ ရမ်းသမ်းပစ်ခတ်ပြီး သေဆုံးသွားတဲ့ စစ်သား အလောင်းတွေကို ခမရ ၅၅၆ ဇဝဲတပ်ရင်းဘက်သို့ ပြန်လည်သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်တောင်ကျေးရွာ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရန်တောင်ကျေးရွာရှိ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆ နာရီကြာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

သေဆုံးသူ စစ်ကော်မရှင်တပ်သားများ၏ လက်နက်များကို အမိန့်စာထုတ်ပြန် (ရုပ်/သံ)

သေဆုံးသွားပြီဖြစ်တဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ လက်နက်တွေကို သိမ်းဆည်းရရှိတဲ့အခါ အမိန့်စာထုတ်ပြန်ပြီးမှ ပြန်လည်အသုံးပြုတယ်လို့ Union Liberation Front စစ်ကြောင်းက အောက်တိုဘာ ၂၁ ရက်မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကျောက်မဲမြို့နယ်အတွင်း စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင် ၁ ပါးနှင့် အမျိုးသမီးကြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်ကွမ်ကျေးရွာနဲ့ ပန်သပြေကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း ကင်းပတ်နေစဉ် စစ်ကောင်စီတပ်သား ၁ ဦးအား လက်နက်နှင့်တကွ ဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တွေ နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေချိန် စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းကို ရှမ်းတောင်ဗျူဟာ ၂ ပူးပေါင်းစစ်ကြောင်းက ပစ်ချဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။
Read More

5.56 ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Myingyan Black Tiger (MBT) ထုတ်ပြန် (ရုပ်/သံ)

Myingyan Black Tiger (MBT) မှ 5.56ကျည်သုံးကာဘိုင်အမျိုးအစားသေနတ်ထုတ်လုပ်နိုင်ခဲ့ ပြီဖြစ်ကြောင်း ပြည်သူများအသိပေးလိုက်ပါတယ်။