ကရင်နီပြည်နယ် မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က ကုန်းသာကျေးရွာအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက် ခဲ့ရာ ၄၀ ခန့်သေပြီး ၆ ယောက်အရှင်ဖမ်းဆီးမိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ထံက သိရပါ တယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ တပ်သားတွေ ဖြစ်ပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခြင်းခံရသူ ၆ ယောက်အား အရှင်ဖမ်းဆီးမိခဲ့ပြီး လက်နက်မျိုးစုံ ၂၀ ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းကင်းမြို့နယ် ပကဖအင်အားစုဖွဲ့လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပကဖ အင်အားစုဖွဲ့လေ့ကျင့်ရေးနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်လေဆိပ်ရဲ့ နေရာအများစုကို KIA ထိန်းချုပ်ရယူထား၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ (ရုပ်/သံ)

ဗန်းမော်မြို့က စစ်ကောင်စီအတွက် အရေးပါတဲ့ လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၀င်ရောက်ထိန်းချုပ်ထားတဲ့ ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျူကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ပျူစောထီး ၂ ဦး သေပြီး ၆ ဦး ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အုန်းတောပျူရွာကင်းစခန်းကို ဝင်ရောက်စီး နင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းရွာတွင် တိုက်ပွဲများ ပြင်းထန်နေ၊ စစ်ကောင်စီတပ်က ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထား (ရုပ်/သံ)

မေလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်းရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးပြီး ဓားစာခံလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်က ကြိုးပမ်းနေတဲ့ တရားမဝင် အတုယောင်‌ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ General Strike Coordination Body မှ ယနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို PDF ရဲဘော်များ ကယ်ထုတ် (ရုပ်/သံ)

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို PDF ရဲဘော်တွေက ကယ်ထုတ်နေကြတဲ့ ဗီဒီယိုဖိုင်ကို Budalin Defense Force မှ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအကြမ်းဖက်စစ်တပ်က ဘုတလင်မြို့နယ် ဇီးတောရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့အ တွက် ဘုတလင်မြို့နယ်ထဲက အရှေ့ကံ၊ ဇီးတော(န)ရွာ၊ သရက်တိုရိုးရွာ၊ ရွှေချောင်းလည်ရွာ စတဲ့ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။ ဒီဇင်ဘာလအတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသထဲက မြို့နယ် ၁၁ မြို့နယ်ထဲမှာ ဘုတလင်မြို့နယ်လည်း ပါဝင်နေပါတယ်။