ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပန်းရောင်ကတ် ပြုလုပ်ဖို့အတွက် နာမည်စာရင်း (name list) တင်သွင်းမှုကို ဒီဇင်ဘာ ၃၀ ရက်နေ့ မတိုင်ခင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကနေ ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။
“အခုက ပန်းရောင်ကတ်လုပ်တော့မယ်ဆိုတာကလွဲ ဘာမှ သေချာမသိရသေးပါဘူး။” လို့ FED အလုပ်သမားရေးဌာနက ဦးမင်းဦးက မောင်းကို ပြောပါတယ်။
ပန်းရောင်ကတ်လုပ်ရာမှာ ငွေကြေးဘယ်လောက်ကုန်ကျမယ်၊ ဘယ်အချိန်စလုပ်မယ် ဆိုတာမျိုးကို ထိုင်းအစိုးရက တရားဝင် ထုတ်ပြန်လာတာမရှိသေးဘူးလို့ ဆိုပါတယ်။
အခု အမည်စာရင်းတင်သွင်းမှုမှာ အသက် ၁၈ နှစ်အောက် သားသမီးတွေပါ မှီခိုစာရင်းတင်သွင်းနိုင်ပြီး အမည်စာရင်းတင်သွင်းသူတွေက အလုပ်လုပ်ခွင့်လက်မှတ်ကို ထပ်မံလျှောက်ထားရမှာဖြစ်သလို ၂၀၂၆၊ မတ်လ ၃၁ ရက်နေ့အထိ ယာယီအလုပ်လုပ်ခွင့်ရမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပန်းရောင်ကတ်လုပ်ပေးတဲ့ အကျိူးဆောင်ပွဲစား ပေါက်ဈေးကတော့ ဘတ် ၁၂၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှုနှင့်အတူ ငလျင်ဘေးဒဏ် ခံစားနေရသည့် မြန်မာ့အခြေအနေကို နိုင်ငံတကာ ပါလီမန်များညီလာခံမှာ အသိပေးမည်

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာပြည်သူတွေ ငလျင်ဘေးဒဏ် ခံစားနေရမှုအပေါ် ကမ္ဘာက ပိုမိုသိရှိပြီး အကူအညီတွေ ရရှိစေဖို့ နိုင်ငံတကာ လွှတ်တော် အသိုင်းအဝိုင်းကို သတင်းစကားပေးနိုင်အောင် ကြိုးစားနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
Read More

မြန်မာ့အခြေအနေ အလွန်ဆိုးရွားနေပြီး လူဦးရေထက်ဝက်ကျော် ဆင်းရဲတွင်းနက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) မှာ “အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေး” ခေါင်းစဉ်နဲ့ အပြန်အလှန်ဆွေးနွေးရာမှာ မြန်မာ့အခြေအနေဟာ အလွန်ဆိုးရွားနေပြီး လူဦးရေထက်ဝက်ကျော်ဟာ ဆင်းရဲတွင်းနက်နေကြောင်း ထောက်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခရိုနီ ဦးဇော်ဇော် ခန့်အပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA - Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းအစိုးရက ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့်ကာလ ၆လ ထပ်တိုးဟုဆို

“အရင်ကတော့ ၈လပိုင်းထိ ယာယီသက်တမ်းတိုးပေးတယ်။ အခုက ၈လပိုင်းကျော်တော့ ထပ်ပြီး ယာယီ သက်တမ်းတိုးပေးတာပေါ့နော်။ အမှန်က အခုလက်ရှိ သက်တမ်းတောင် မကုန်သေးပါဘူး။ ရှေ့လဆိုရင် CI ထုတ်ပေးမယ့် စခန်းတွေ လာဖွင့်မယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် လူသစ်တွေ အတွက်ပဲဖြစ်ပါမယ်။ အဲဒီစခန်းမှာ လူအဟောင်းတွေကို သက်တမ်းတိုးပေးမပေးကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကနေတော့ သူတို့ မလုပ်ပေးလည်း နေထိုင်အလုပ်လုပ်ခွင့်ရအောင် ယာယီ လုပ်ထားပေးတဲ့ သဘောပေါ့ ” လို့ FED အလုပ်သမားရေးဌာနက ဦးမင်းဦးက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံဖြတ်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီကြောင့် မဖြစ်မနေ  နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို ဖေးမကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။