စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တောင်ရင်းရွာ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း၂လောင်းနဲ့ အရှင် ၁ ယောက် ဖမ်းဆီးရမိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ မန္တလေးခရိုင် အမှတ် ၄ တပ်ရင်းတို့ ထိတေ့တိုက်ပွဲဖြစ်ပြီး စစ်သား အလောင်း ၂လောင်းနဲ့ အရှင်တစ်ယောက် ဖမ်းမိခဲ့တာကြောင့် ဒီနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်နဲ့ ထပ်မံဝင်ရောက်လာတယ်လို့ သိရပါတယ်။
“နိုဝင်ဘာလ၂၅ရက်နေ့က တောင်ရင်းရွာဘက်ကို စစ်ကြောင်းထိုးလာတာ။ တောင်ရင်းရွာ ရွာသစ်ဘက် စစ်ကြောင်းထိုးလာလို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ အကြမ်းဖက်စစ်သားအလောင်း၂လောင်းနဲ့အရှင်တစ်ကောင်ဖမ်းမိတယ်။ အခြားထိခိုက်ဒဏ်ရာရရှိသွားတာတွေလည်းရှိတော့ နိုဝင်ဘာလ ၂၆ရက်နေ့ မနေ့က လေယာဥ်နဲ့ လာပစ်ခတ်တာတွေ ဗုံးကြဲချတာတွေလုပ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကြောင်းထပ်ထိုးလာနေတယ်”လို့ မန္တလေးခရိုင် အမှတ်၄တပ်ရင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
အ​ကြမ်းဖက်စစ်တပ်က စစ်ကိုင်းနဲ့ တလိုင်းကြားမှာရှိတဲ့ အာဇာနည်ဗိမာန်အနီးက ကားလမ်းမကိုလည်း လေယာဉ်နဲ့ပစ်ခတ်မှု ၃ကြိမ်ဆက်တိုက်လုပ်သွားသေးတယ်လို့ တလိုင်းဒေသခံတစ်ယောက်က ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဘက်တွေမှာ စစ်သားအင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး တရားမဝင် စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့ တပ်သားသစ်တွေကို အများဆုံးအသုံးချလာနေတယ်လို့ သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီး (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ကျိုက်ထိုတွင် ရွေးကောက်ပွဲအတုကို ကာကွယ်ရန် ထွက်လာသည့် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တစ်နေ့တည်း ထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွား၊ စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ လုပ်ဆောင်မယ့်ရွေးကောက်ပွဲအတုအတွက် စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ တစ်ရက်တည်း ထိတွေ့တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ လိုအပ်တဲ့ UID ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားဟုဆို

နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာ လိုအပ်တဲ့  UID (Unique ID) ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဖက်ဆစ်တွေထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ရမည့် နောက်ဆုံးတိုက်ပွဲဟု CRPH က ဖက်ဆစ်တော်လှန်ရေးနေ့ကို သဝဏ်လွှာပေးပို့ 

လက်ရှိ  နွေဦးတော်လှန်ရေးဟာ  စစ်အာဏာရှင်စနစ်ဆိုး ကိုတော်လှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်မယ့်  နောက်ဆုံး တိုက်ပွဲသာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က  နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာက တဆင့် ကြေညာလိုက်ပါတယ်။  
Read More

စဉ့်ကူးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၁ ယောက်ကို WY ဆေးပြား ၅၂၀၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ဖလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ပြည်သူတွေမြို့ထဲကို အဝင်အထွက်မလုပ်ဖို့ CNDF အသိပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့အတွင်းအဝင်အထွက်ကို အများပြည်သူအနေနဲ့ လုံး၀မပြုလုပ်ဖို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က မနေ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်များအတွက် လှူဒါန်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည့် ကလလတ ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဗျူဟာ၂ ၊ တပ်ရင်းအမှတ် ၉၄၂၁ တပ်ရင်းက ဆေးမှူးနဲ့အတူ ရဲဘော်ရဲမေတွေ၊ တပ်ရင်းအမှတ် ၉၄၂၅ က ရဲဘော်ရဲမေတွေဟာ ကရင်နီပြည်ရှိ စစ်ရှောင်စခန်း တစ်ခုဆီ အဝတ်အထည်တွေ လှူဒါန်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလှူရှင်နဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။