မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ လက္ကောင်းကြီးရွာသစ် ဓမ္မာရုံကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကိုရင်(၁)ပါး နဲ့ အမျိုးသမီးငယ် (၂)ယောက် သေဆုံးခဲ့ကြောင်း MDY -PDF က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၇ရက် ၊ ဒီနေ့မနက်ပိုင်းမှာ မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာအုပ်စု၊ လက္ကောင်းကြီးရွာက ဓမ္မာရုံကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲမရှိတဲ့ ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ မန္တလေးတိုင်းအတွင်းက မတ္တရာ ၊ သပိတ်ကျင်းနဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွေထဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY – PDF အပါအဝင် PDF ပူးပေါင်းတပ်တွေ နဲ့ နယ်မြေတွေပြန်လည်ရယူဖို့ကြိုးစားလာတဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ​တွေ ရှိနေပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း၂ အတွင်း လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေ ပြန်လည်ရယူနိုင်ဖို့အတွက် စစ်ကောင်စီက ပြန်လည်ကြိုးပမ်းလာပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ရက်နေ့ကစလို့ မတ္တရာမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေတာလို့လည်း သိရပါတယ်။
နိုဝင်ဘာလ တစ်လတည်းကိုပဲ မတ္တရာမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ အကြိမ် ၃၀ထက်မနည်းရှိထားပြီး တစ်မြို့နယ်လုံးမှာ ပြည်သူ ၆၀၀၀ထောင်​ နီးပါးစစ်ဘေးတိမ်းရှောင်နေရတယ်လို့ Voice Of Mandalay အဖွဲ့က ပြောထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ရက်နေ့ကလည်း မတ္တရာမြို့အနောက်ဘက်ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စိန်ပန်းကုန်းရွာအနောက်ဘက်နဲ့ သဲကုန်းရွာတို့ကို တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ ၂စီးနဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ အမျိုးသား ၁ယောက်သေဆုံးပြီး ကလေးငယ်၁ယောက် အပါအဝင် ၂ယောက် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုထဲ ပေါင်၅၀၀၊ ပေါင်၂၀၀ ဗုံးတွေအပြင် Missle ဒုံးတွေ၊ ဓာတုဗေဒအဆိပ်ဗုံးတွေပါ အသုံးပြုခဲ့ပြီး အရပ်သားတွေ အဆိပ်ငွေ့သင့်ကာ အော့အန် မေ့မြောတာတွေလည်းရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ( မန္တလေး) ကတော့ စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အမျှ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက သူတို့ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် MDY-PDF အနေနဲ့ အပြည့်အဝ ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ပုံစာ – MDY-PDF ရဲဘော်များ (ပုံဟောင်း) နဲ့ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ အရပ်သားများ
0 Shares:
You May Also Like
Read More

တောင်​ငူလေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် တိုက်ခိုက်မှုမှာ စစ်ကောင်စီအရာရှိများ ထိခိုက်သေဆုံး၊ လေယာဉ်များနှင့် အ​​ဆောက်အအုံများလည်း ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က တောင်ငူ(ကေတုမတီ) လေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်ဦးစီးအရာရှိ ၁ယောက်အပါအဝင် သေဆုံးသူ ၇ယောက် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၀ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေး ၂ ဦးအပါ ပြည်သူ ၇ ဦး သေဆုံး

ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

အလံဖြူထောင် ဆုတ်ခွာထွက်ပြေးနေရတဲ့ စစ်ကောင်စီတပ်သားတွေကို ခေတ်မီ စစ်ရေးဗျူဟာတွေ လေ့လာပြင်ဆင်ထားဖို့ မင်းအောင်လှိုင် မှာကြား

ပြောင်းလဲတိုးတက်နေတဲ့ စစ်ရေးဗျူဟာတွေကို ခေတ်နဲ့အညီ လေ့လာလိုက်စားနေဖို့ လိုအပ်တတယ်လို့  နိုင်ငံတစ်ဝန်းမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

မနေ့က အပစ်ရပ် ကြေညာပြီး ဒီနေ့ စစ်ကောင်စီ ကနီကို ဗုံးကြဲတိုက်ခိုက် 

အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကျောက်ဂူဒေသကို စစ်ကောင်စီ တစ်ရက်အတွင်း ဗုံးသီး ၅၀ ကျော် ကြဲချ၊ ပြည်သူ ၃ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။