အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ဖွင့်လှစ်သင်ကြားပေးတဲ့ ရှေးဦးသူနာပြုစုနည်း အပတ်စဥ် (၁) သင်တန်း ဆင်းပွဲကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားပါတယ်။
မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ခရိုင်အတွင်းမှာရှိတဲ့ PDF တပ်ရင်းတွေကနေ ရွေးချယ်စေလွှတ်လိုက်တဲ့ ဆေးတပ်ဖွဲ့ ရဲဘော်၊ ရဲမေတွေကို ရှေးဦးသူနာပြုစုနည်းနဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေးနည်းတွေ ဦးစီး သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီသင်တန်းကို ရှေ့တန်းစစ်မျက်နှာမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ ဆေးတပ်သားတွေ ဖြစ်စေဖို့၊ ပြည်သူတွေကိုပါ ကျန်းမား‌ရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တာပါ။
သင်တန်းဆင်းရဲဘော်၊ ရဲမေတွေဟာ ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်နေတဲ့ မင်းဘူးခရိုင် စစ်ရေးလှုပ်ရှားရာ နယ်မြေတွေက ‌ရှေ့တန်းစစ်မျက်နှာပြင်တွေကို ရောက်ရှိကာ တာဝန် ထမ်းဆောင်နေပြီလို့လည်း မင်းဘူးခရိုင် ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

နယ်စပ်ကုန်သွယ်ရေးစခန်းအများစု တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်နေချိန် တရုတ်နဲ့ ကုန်သွယ်မှုတိုးမြှင့်မယ်လို့ မင်းအောင်လှိုင်ပြော

တိုင်းရင်းသား လက်နက်ကိုင်တွေ လက်ထဲရောက်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တရုတ်နဲ့ကုန်သွယ်မှု အရှိန်တိုးမြှင့်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

လေးနှစ်တာအတွင်း  စစ်ကောင်စီက ဆေးရုံဆေးခန်း တိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ အထိရှိခဲ့

စစ်အာဏာသိမ်း လေးနှစ်တာအတွင်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀၀ ကျော်ရှိခဲ့တယ်လို့  လူသားမျိုးနွယ် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ Insecurity Insight က ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိနာပြီး ပြန်ဆုတ်သွား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲရက်ဆက်ဖြစ်ပြီးစစ်ကောင်စီဘက်က အထိနာကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခလရ ၅၂ တပ်ရင်းမှ ပြည်သူ့စစ် ၁ဦး ခန္တီးပကဖ ထံ အလင်းဝင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ လှုပ်ရှားစစ်ကြောင်းကနေ ထွက်ပြေးအလင်းဝင်လာတဲ့ ပြည်သူ့စစ် ၁ ယောက်ကို ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုထက်အောင်ရှိန်က မောင်းကို ပြောပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေဦးမှာ တိုင်းရင်းဆေးရုံထဲအထိုင်ချထားတဲ့ စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လယ်ထဲပေါင်းနုတ်နေတဲ့ အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။