စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တောင်ရင်းရွာ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း၂လောင်းနဲ့ အရှင် ၁ ယောက် ဖမ်းဆီးရမိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ မန္တလေးခရိုင် အမှတ် ၄ တပ်ရင်းတို့ ထိတေ့တိုက်ပွဲဖြစ်ပြီး စစ်သား အလောင်း ၂လောင်းနဲ့ အရှင်တစ်ယောက် ဖမ်းမိခဲ့တာကြောင့် ဒီနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်နဲ့ ထပ်မံဝင်ရောက်လာတယ်လို့ သိရပါတယ်။
“နိုဝင်ဘာလ၂၅ရက်နေ့က တောင်ရင်းရွာဘက်ကို စစ်ကြောင်းထိုးလာတာ။ တောင်ရင်းရွာ ရွာသစ်ဘက် စစ်ကြောင်းထိုးလာလို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ အကြမ်းဖက်စစ်သားအလောင်း၂လောင်းနဲ့အရှင်တစ်ကောင်ဖမ်းမိတယ်။ အခြားထိခိုက်ဒဏ်ရာရရှိသွားတာတွေလည်းရှိတော့ နိုဝင်ဘာလ ၂၆ရက်နေ့ မနေ့က လေယာဥ်နဲ့ လာပစ်ခတ်တာတွေ ဗုံးကြဲချတာတွေလုပ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကြောင်းထပ်ထိုးလာနေတယ်”လို့ မန္တလေးခရိုင် အမှတ်၄တပ်ရင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
အ​ကြမ်းဖက်စစ်တပ်က စစ်ကိုင်းနဲ့ တလိုင်းကြားမှာရှိတဲ့ အာဇာနည်ဗိမာန်အနီးက ကားလမ်းမကိုလည်း လေယာဉ်နဲ့ပစ်ခတ်မှု ၃ကြိမ်ဆက်တိုက်လုပ်သွားသေးတယ်လို့ တလိုင်းဒေသခံတစ်ယောက်က ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဘက်တွေမှာ စစ်သားအင်အား ဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး တရားမဝင် စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့ တပ်သားသစ်တွေကို အများဆုံးအသုံးချလာနေတယ်လို့ သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီး (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တပ်သားသစ် စုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ရှေ့တန်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ယောက် လက်နက်နဲ့တကွ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။
Read More

လျှပ်စစ်မီးရဖို့ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် နေရာ ၁၆ ခုမှာ ရေအားလျှပ်စစ်ထုတ်မယ်လို့ စစ်ကောင်စီ ဆိုပြန်

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်က နေရာ ၁၆ ခုထက်မနည်းမှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားလိုက်ပါတယ်။
Read More

တိုင်းပြည်ရဲ့ စီးပွားရေးဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေတယ်လို့ မင်းအောင်လှိုင်ဝန်ခံပြောဆို

စီးပွားရေးနဲ့ပတ်သက်ရင် နိုင်ငံဟာ မြေပြင်မှာ တိုးတက်မှုနည်းပါးနေသေးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ STUM အဖွဲ့ဝင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

မြန်မာနိုင်ငံက အလုပ်သမားတွေ အခွင့်အရေးအပြည့်အဝရရှိရေး ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုပါ ဖမ်းဆီးထားတယ်လို့ STUM ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာထားပါတယ်။