စစ်ကောင်စီကို လက်နက်တွေထောက်ပံ့ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က အသံထက် လေးဆ မြန်တဲ့ လေကြောင်းပစ်ဒုံးကျည် SD-10A ကို‌ ရောင်းချပေးနေတယ်လို့ Blood Money သွေးစွန်းငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
China Academy of Launch Vehicle Technology (CALT) နဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ China Aviation Industry Corporation (AVIC) တို့ ပူးပေါင်ထုတ်လုပ်ထားတဲ့ SD-10A လေကြောင်းပစ်ဒုံးကျည်ကို စစ်ကောင်စီထံ ရောင်းချခဲ့တာပါ။
SD-10A ဟာ ရန်သူရဲ့ တည်နေရာကို ထောက်လှမ်းဖို့အတွက် တိုက်ခိုက်ရေးလမ်းညွှန်စနစ် (Radar Homing) ကို ပေါင်းစပ်အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။
SD-10A လေကြောင်းပစ် ဒုံးကျည်ကို တရုတ်နိုင်ငံက၂၀၀၀ ခုနှစ် အစောပိုင်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ အောင်မြင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ စတင်ပြီး တရုတ်လေတပ် (PLA Air Force) မှာ တရားဝင်အသုံးပြုမှု စတင်ခဲ့ပါတယ်။
မြန်မာစစ်တပ်ကို ရောင်းချခဲ့တဲ့ ခုနှစ်နဲ့ လက်ရှိ စစ်ကောင်စီက အသုံးပြုနေတဲ့ အခြေအနေကိုတော့ အသေးစိတ်ဖော်ပြ ထားခြင်း မရှိပါဘူး။
လက်ရှိ မြန်မာပြည်တွင်းက လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဥရောပလေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus ဟာ အကြမ်းဖက်စစ်အုပ်စုကို လေယာဥ်၊ လေယာဉ်တပ်လက်နက်နဲ့ လေယာဉ်ပြုပြင်ရေး ဝန်ဆောင်မှုတွေ ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီရဲ့ အရေးကြီးတဲ့ရှယ်ယာရှင်ဖြစ်သလို စီးပွားမိတ်ဖက်လည်းဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီကို ထောက်ပံ့နေတဲ့ AVIC ကနေ Airbus နှုတ်ထွက်ဖို့ ဖိအားပေးပြောဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး မြေပြင်မှာရော အွန်လိုင်းမှာပါ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ကမ်ပိန်းတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Airbus ဟာ AVIC ကုမ္ပဏီနဲ့အတူ လေကြောင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းခွဲပေါင်းများစွာကို လုပ်ဆောင်လျက်ရှိနေပါတယ်။ Justice For Myanmar (JFM) ရဲ့ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်မှာ Airbus နဲ့ AVIC ကုမ္ပဏီတို့အကြား လုပ်ဆောင်ခဲ့တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တန်ဖိုးငွေပမာဏဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀၀ ရှိခဲ့ပါတယ်။
Airbus နဲ့ လက်တွဲလုပ်ကိုင်နေတဲ့တရုတ်ကုမ္ပဏီ AVIC က စစ်သုံးလေယာဉ်တွေ၊ လေယာဉ်တပ်လက်နက်တွေကို အကြမ်းဖက်စစ်အုပ်စုထံ ရောင်းချလျက်ရှိနေတာ ဖြစ်ပါတယ်။
Airbus ဟာ နိုင်ငံတကာအဆင့် ကုမ္ပဏီကြီးတွေ လိုက်နာဆောင်ရွက်ရမယ့် လူ့အခွင့်အရေးစံချိန်၊ စံနှုန်းတွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဥပဒေတွေကို ချိုးဖောက်နေတာဖြစ်သလို စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ တဆင့်ခံပါဝင်ပြီး ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတွေက ဖိအားပေးပြောဆိုမှုတွေ အကြိမ်ကြိမ် ပြုလုပ်လျက်ရှိနေပါတယ်။
Photo – လေကြောင်းပစ်ဒုံးကျည် SD-10A ကို တိုက်လေယာဉ်တစ်စီးမှာ တပ်ဆင်ထားစဉ်။
0 Shares:
You May Also Like
Read More

မောင်တော၊ အမ်းနဲ့ ဂွက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်တော့မယ်လို့ AA ထုတ်ပြန်

မောင်တော နခခ (၅)အပါအဝင်ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး ထိုးစစ်ကို အရှိန်မြှင့်တော့မယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံအနောက်ဖက် စစ်ရှောင်စခန်း ၂ နေရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ ၄ နှစ်အရွယ် ကလေးငယ်နှင့် မိဘနှစ်ပါး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်က စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - PK Police က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုထံ တပ်ဖွဲ့ ၂ ခု ထပ်မံ ပေါင်းစည်းလာပြီး ဒေသတွင်း စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

စစ်တပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၃ဦးကို လက်နက်ခဲယမ်းများနှင့်အတူ CDF-Asho အရှင်မိ

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (ပြည်သူ့စစ်) ၃ယောက်ကို ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဟွန်ဒီလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိလာလို့ ဒေါ်လာစျေးပြန်ကျ

တရားမဝင်ငွေလွှဲပြောင်းခြင်း (ဟွန်ဒီ) လုပ်ငန်း လုပ်ကိုင်ကြောင်း ကျော်ဇောသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပြီးတဲ့နောက် ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ စျေး အနည်းငယ် ကျဆင်းလာတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရှိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။