မကွေးတိုင်း၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ထဲက အမ်း- ပဒါန်းလမ်းပိုင်းမှာ ထိတွေ့မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာနေပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာချုပ်(နပခ) ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့ကို စစ်ကူနဲ့ရိက္ခာတွေ ပို့ပေးရာမှာ အရေးပါတဲ့ အမ်း – ပဒါန်း လမ်းပိုင်းအတွင်း စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တွေနဲ့ လုံခြုံရေးယူပေးတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေးအင်အားစုတွေက မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိနေပါတယ်။
နိုဝင်ဘာ ၂၅ရက် မနေ့က မနက်အစောပိုင်းမှာ ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က်ို အမ်း- ပဒါန်း လမ်းပိုင်းပေါ်က ခွန်ဇူရွာလမ်းခွဲမှာ CDF -Asho တပ်ဖွဲ့ဝင်တွေက ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ၊ နပခကိုသွားရောက်မယ့် စစ်ကူကားတွေအတွက် အမ်း- ပဒါန်းလမ်းပိုင်းပေါ် လုံခြုံရေးယူဖို့ ထွက်လာတဲ့အချိန်မှာ လက်ဦးမှုရယူပြီး ခြုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေ များခဲ့သလို MA အမျိုးအစား သေနတ် ၁လက်၊ စစ်ကျောပိုးအိတ်၁လုံး ၊ တပ်မ၈၈ တံဆိပ်ပါစစ်ဝတ်စုံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ချင်းကာကွယ်ရေးတပ် CDF – Asho က ထုတ်ပြန်ထားပါတယ်။
အခုလိုမျိုး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ မကွေးတိုင်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ရှိရာ ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းကို စစ်ကောင်စီတပ်တွေ ထိန်းချုပ်ပြီးနောက်ပိုင်း အရပ်သားကုန်စည်စီးဆင်းမှုတွေမရှိတော့သလို ထိတွေ့မှုတွေလည်း မကြာခဏဖြစ်ပွါးနေပါတယ်။
“ဒီလမ်းပိုင်းက ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကိုကုန်စည်စီးဆင်းမှုလုပ်လို့ရတဲ့ လမ်းမကြီးပေါ့။ ဒါပေမယ့်​​​ လတ်တလောမှာ အရပ်သားတွေအသုံးမပြုတော့ပါဘူး။ စကစကပဲ အုပ်စိုးထားပြီး သူတို့လွှတ်တဲ့ ရိက္ခာကားတွေ၊ အင်အားဖြည့်တင်းတာတွေပဲ သွားနေတော့တာပေါ့။ ရခိုင်ပြည်မှာ တိုက်ပွဲတွေ စဖြစ်တဲ့ ၂၀၂၃က ဒီလမ်းကြောင်းမှာ ကုန်စည်စီးဆင်းမှု ရပ်သွားတာလို့ ပြောလို့ရပါတယ်။ ” လို့ CDF Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကိုပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၃၁ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၇၃ နဲ့ ခမရ ၃၇၁ ကြက်ရေစမ်း နယ်ခြားဂိတ်ရှေ့တန်းစစ်ကြောင်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄ယောက်ကို CDF – Asho က ဖမ်းဆီးထိန်းသိမ်းခဲ့ပါသေးတယ်။
“လက်ရှိတော့ ကျနော်တို့ CDF Asho အနေနဲ့ အမ်း- ပဒါန်းလမ်းပိုင်း အပါအဝင် ကပစ ၁၄ အနီးတဝိုက်နဲ့ ပုသိမ်- မုံရွာလမ်းပိုင်းတွေအထိပါ ဝင်ရောက်ပြီးတိုက်ပွဲတွေဖော်​ဆောင်နေပါတယ်။” လို့ CDF Asho တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ရက် ညနေပိုင်းကလည်း အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ငဖဲမြို့နယ် ၊ ဂုတ်ကြီးကျေးရွာရဲ့အရှေ့ဘက် မီတာ ၁၀၀၀အကွာမှာ PRA- Magway တော်လှန်ရေးတပ်နဲ့ မ​ကွေးတိုင်း၊ ပဒါန်းအခြေစိုက် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် ( မစခ – ၉၀၅) လက်အောက်ခံတပ်တွေ ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုဘက်က တပ်ကြီးကြီးအဆင့်ရှိသူအပါဝင် ၉ယောက်သေကာ အများအပြားထိခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ပဒါန်း- အမ်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးဟာ လူထုတော်လှန်ရေးမဟာမိတ်​အင်အားစု (PRA – Magway)ရဲ့ စစ်ရေးရည်မှန်းချက်တွေထဲက ရှေ့​ပြေးလှုပ်ရှားမှုဖြစ်သလို လက်ရှိအချိန်မှာတော့ ပြောဖို့စောနေသေးတယ်လို့ PRA Magway ရဲ့ စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ပြောထားပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် (AA)က နပခ ဌာနချုပ်ရှိရာ အမ်းမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ခမရ (၃၇၂) ၊ ခမရ (၃၇၃) နဲ့ နေရာတချို့ကို သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။
ပုံစာ – နိုဝင်ဘာ ၂၅ရက်နေ့ ထိတွေ့မှုကတဆင့် CDF – Asho သိမ်းဆည်းရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ပစ္စည်းများ
0 Shares:
You May Also Like
Read More

လှိုင်းဘွဲ့ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး မြိတ်ခရိုင် PDF အမှတ် (၃) တပ်ရင်းထံ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့မရဲစခန်းက ရဲတပ်သားတစ်ယောက်ဟာ လက်နက်မဲ့ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချီဗွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများစွာ စစ်ကောင်စီထံက ရရှိ

KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။
Read More

နောင်ချိုမြို့အတွင်း စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးနဲ့ ပေါင်(၃၀၀)ဗုံးတွေကို လေကြောင်းကနေ ကြဲချခဲ့တာကြောင့် ဒေသခံ ၃ ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA တိုက်ခိုက်သီမ်းပိုက်ကာ အုပ်ချုပ်နေတဲ့ နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အိုးဘိုထောင်တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရထားသည့် အကျဉ်းသားများကို စစ်ကောင်စီ ဆေးကုခွင့် ကန့်သတ်ထား

ငလျင်ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ မန္တလေး အိုးဘိုထောင်က အကျဥ်းသား၊သူတွေကို စစ်ကောင်စီက ဆေးကုသခွင့် ကန့်သတ်ထား​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။
Read More

ဆယ်ဝရွာတွင် စစ်ရှောင်ပြည်သူများ ရွာထဲပြန်ဝင်ပြီး ရက်ပိုင်းအကြာ လေကြောင်းတိုက်ခိုက်ခံရ၊ ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။