မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၅ရက် မနေ့က မနက်အစောပိုင်းမှာ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့နယ်ခွဲက စစ်အုပ်စုတွေရှိရာ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ပစ်ခတ်မှုတွေဖြစ်ခဲ့ပေမယ့် တိုက်ပွဲပုံစံလိုမျိုးတော့ မဟုတ်ဘူးဗျ။ ရဲတွေက ကျနော်တို့ လျှပ်စစ်ရုံးကို ဝင်ပစ်တော့ ကင်းပုန်းပုံစံရှိနေရာကနေ ရဲစခန်းထဲ ဝင်ပြေးပါတယ်။ ရဲစခန်းနဲ့ လျှပ်စစ်ရုံးက မီတာ ၅၀၀ ကျော်ကျော်လောက်ပဲ ရှိမယ်ဗျ။ အဲ့ရဲစခန်းထဲက စစ်အုပ်စုတွေနဲ့ အတူ အပြင်ကိုထွက်မလာရဲဘဲ သေနတ်ပစ် ဖောက်ကြတယ်ပေါ့။” လို့ Popa Guerrilla Forcr ( PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
အဲ့ဒီနောက်မှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေ၊ ခံစစ်တည်ဆောက်ထားတဲ့ တိုက်တန်း အိမ်ယာတွေကို ဖြိုဖျက်နိုင်ခဲ့ပြီး စာရွက်စာတမ်းတွေကိုလည်း မီးရှို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုထောက်ခံတဲ့ ချန်နယ်တွေမှာတော့ နိုဝင်ဘာ ၂၅ရက် မနေ့ကမနက်ပိုင်းမှာ ငါးသရောက်နယ်မြေရဲစခန်းကို PDF တပ်တွေက တောပြားကျေးရွာဘက်ကနေ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းနဲ့ ဌာနဆိုင်ရာရုံးတွေ ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို Popa Guerrila Force (PGF)နဲ့အတူ ညောင်ဦးမြို့နယ် ပကဖ(ပု‌ဂံပြည်ဘီလူးတပ်)၊ တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃ ၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃) နဲ့ ဗိုလ်လက်ယာ (မြိုင်) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ – တိုက်ပွဲအတွင်း Popa Guerrilla Force (PGF) တပ်ဖွဲ့ဝင်တစ်ယောက်ကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

တောင်သာမြို့နယ် ထနောင်းကုန်းပျူစခန်းကို PLA နှင့် မဟာမိတ်များ ဝင်ရောက်တိုက်ခိုက်၊ ပျူစခန်းဘန်ကာများကို ဖျက်ဆီးကာ စစ်အုပ်စုအလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ဘန်ကာတွေကို ဖျက်ဆီးရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်းတွေ ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ်(၁)စစ်ဒေသ ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)က အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နိုဝင်ဘာလ (၂၅)ရက်မှာ ပြုလုပ်ခဲ့ ကျင်းပခဲ့ပါသည်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

ပုလောနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ပျူ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျုစောထီးစခန်းတစ်ခုကို KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာနဆီက သိရပါတယ်။
Read More

ရေနံချောင်းရှိ ရှေးဟောင်းဘုရားပေါ် စစ်အုပ်စု စက်တပ်လေထီးဖြင့် ပစ်ခတ်၊ စေတီများပျက်စီးပြီး ပြည်သူတစ်ဦး ဒဏ်ရာရ

“ဘုန်းကြီးကျောင်းထက်စာရင် ရှေးဟောင်းစေတီ ၂ဆူ ပျက်စီးသွားတာရှိတယ်၊ ဒေသခံက ဘယ်လိုထိခိုက်သွားလဲဆိုတော့ သူက အဲ့နားဝန်းကျင်မှာ နွားကျောင်းနေတာ၊ နွားကျောင်းရင်းထိသွားတာ” လို့ ရေနံချောင်း PDF တာဝန်ခံ စံရှားက မောင်းကို ပြောပါတယ်။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။