တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နဲ့ မြိတ်မြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးသီးကြဲ ချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad – TNI အဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်က ကျွန်းစုမြို့နယ် ဝါရစ်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းနဲ့ မြိတ်မြို့နယ်အတွင်းရှိ တုံးဗျောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်မှာလည်း တုံးဗျောစခန်းကို ဒရုန်းနဲ့ ဗုံးသီး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ယောက်သေပြီး အများအပြားထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် ချောင်းဦးဆီမီးသပိတ်အတွင်း ကျဆုံးခဲ့သည့် BLDF ရဲဘော် ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည် စျာပန (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ ကျင်းပနေတဲ့ သီတင်းကျွတ်ဆီမီးထွန်းပွဲကို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် BLDF ရဲဘော် ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည် ကျဆုံးခဲ့ရတယ်လို့ Burma Liberation Democratic Front က သတင်းထုတ်ပြန်ပါတယ်။ ရဲဘော်ဘုန်းမြင့်ဇော် (ခ) ရဲဘော်တည်ကြည်ရဲ့ ဈာပနအခမ်းအနားကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး အခြေစိုက်ရာ တော်လှန်ရေးဒေသတနေရာမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Revolutionary Air Force – RAF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် ဆက်ကြေး ကောက်နေသည့် စစ်ကော်မရှင် တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ ၂ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ပခုက္ကူ-ရေစကြို လမ်းပိုင်းမှာ ပြည်သူတွေကို အနိုင်ကျင့် ဆက်ကြေး ကောက်နေတဲ့ စစ်ကော်မရှင် တပ်သားတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Golden Eagle PDF က ဒီနေ့ သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီရှေ့တန်းစစ်မြေပြင်မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်များ

ကရင်နီရှေ့တန်းစစ်မြေပြင်မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(UOC) က တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

AA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကုန်းမှတ်တမ်းရုပ်သံ

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပုဂံဂွေ့ကျေးရွာအနီးရှိ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကုန်းအား သိမ်း ပိုက်ထားတဲ့ မှတ်တမ်းရုပ်သံကို အာရက္ခတပ်တော် AAက မနေ့နေ့လယ်ပိုင်းက ထုတ်ပြန်လိုက်ပါ တယ်။ ပွိုင့် ၆၆၆ စခန်းကုန်းကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး ၃ နာရီ ခန့်အကြာ သုံးဘက်သုံးတန်ကနေ ပိတ်ဆို့တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။