မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၅ရက် မနေ့က မနက်အစောပိုင်းမှာ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့နယ်ခွဲက စစ်အုပ်စုတွေရှိရာ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“ပစ်ခတ်မှုတွေဖြစ်ခဲ့ပေမယ့် တိုက်ပွဲပုံစံလိုမျိုးတော့ မဟုတ်ဘူးဗျ။ ရဲတွေက ကျနော်တို့ လျှပ်စစ်ရုံးကို ဝင်ပစ်တော့ ကင်းပုန်းပုံစံရှိနေရာကနေ ရဲစခန်းထဲ ဝင်ပြေးပါတယ်။ ရဲစခန်းနဲ့ လျှပ်စစ်ရုံးက မီတာ ၅၀၀ ကျော်ကျော်လောက်ပဲ ရှိမယ်ဗျ။ အဲ့ရဲစခန်းထဲက စစ်အုပ်စုတွေနဲ့ အတူ အပြင်ကိုထွက်မလာရဲဘဲ သေနတ်ပစ် ဖောက်ကြတယ်ပေါ့။” လို့ Popa Guerrilla Forcr ( PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
အဲ့ဒီနောက်မှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေ၊ ခံစစ်တည်ဆောက်ထားတဲ့ တိုက်တန်း အိမ်ယာတွေကို ဖြိုဖျက်နိုင်ခဲ့ပြီး စာရွက်စာတမ်းတွေကိုလည်း မီးရှို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုထောက်ခံတဲ့ ချန်နယ်တွေမှာတော့ နိုဝင်ဘာ ၂၅ရက် မနေ့ကမနက်ပိုင်းမှာ ငါးသရောက်နယ်မြေရဲစခန်းကို PDF တပ်တွေက တောပြားကျေးရွာဘက်ကနေ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းနဲ့ ဌာနဆိုင်ရာရုံးတွေ ပျက်စီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို Popa Guerrila Force (PGF)နဲ့အတူ ညောင်ဦးမြို့နယ် ပကဖ(ပု‌ဂံပြည်ဘီလူးတပ်)၊ တောင်သာမြို့နယ်ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃ ၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃) နဲ့ ဗိုလ်လက်ယာ (မြိုင်) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ – တိုက်ပွဲအတွင်း Popa Guerrilla Force (PGF) တပ်ဖွဲ့ဝင်တစ်ယောက်ကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ရေတာရှည်မှာ PDF ၂ ယောက် အသတ်ခံရပြီး ၃ ယောက် အဖမ်းခံရ

ပဲခူးတိုင်း၊ ဇရစ်စမ်းကျေးရွာနားက ချောင်းမကျည်းဆည်အနီး တစ်နေရာမှာ PDF ရဲဘော်၂ယောက် အသတ်ခံရပြီး ၃ ယောက်ကတော့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

“Stop the Killing, Start the Healing” စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့တစ်နေရာမှာ "Stop the Killing, Start the Healing" စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

ရေဖြူမြို့နယ်၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၆ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေါနတပ်ရင်းလက်အောက်ရှိ Laungline Peninsula Force (LPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းအခြေစိုက် ခလရတပ်ရင်းက ထွက်​ပြေးအလင်းဝင်လာသူတွေ စစ်ကောင်စီကိုပြန်တိုက်နိုင်ဖို့ ကူညီပေးသွားမည်ဟု ဒေါင်းစစ်အောင် (Local PDF) ပြော

"ပေါ်တာဆွဲခံရသူတွေထဲမှာ ​၁ယောက်က အိမ်ပေါ်အထိ ပေါ်တာဆွဲခံရတယ်ပြောတယ်။ နောက်၁ ယောက်ကျကုန်စိမ်းအရောင်းဝယ်လုပ်ရင်းဆွဲခံရတယ်။ ကျန်တဲ့ ၄ယောက်ကတော့ ပန်းရံအလုပ်သွားရင်းပေါ့။ သူတို့က စစ်အာဏာရှင်ကိုပြန်တွန်းလှန်မယ်ပြောတယ်။ သူတို့ကို အာမခံပြီး ခေါ်ထားတဲ့ စစ်ကိုင်းဘက်ကအဖွဲ့တွေရှိပါတယ်။ သူတို့ညီအစ်ကိုတွေအဖွဲ့ပေါ့။ အဲ့အတွက် ပို့ဆောင်ပေးနိုင်ဖို့ကို ကျနော်တို့ ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။ အခုလည်းသူတို့ကို စောင့်ကြည့်အနေအထားနဲ့သေချာလေးထားပေးထားပါတယ်။" လို့ ဒေါင်းစစ်အောင် (Local PDF) တာဝန်ရှိသူ ကိုထူးလေး က မောင်းကိုပြောပါတယ်။
Read More

Urban Task Force Aung Ban – UTF က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် မိုးဗြဲတိုက်ပွဲအတွင်း ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) ၊ တပ်ခွဲ ၂ ၊ Urban Task Force Aung Ban က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ခွဲက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းတပ်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၂၇၄ တပ်ကို တိုက်ခိုက်သိမ်းပိုက်၊ မင်းတပ်မြို့နယ်မှာ စစ်တပ်လုံး၀ ကင်းစင်ပြီဖြစ်…

ချင်းပြည်နယ်၊ မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မင်းတပ် တစ်မြို့နယ်လုံးမှာ စစ်တပ်ကင်းစင်သွားပြီဖြစ်တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။