ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းတလျှောက်မှာ အကြမ်းဖက်စစ်တပ်က အင်အားတွေထက်မံဖြည့်တင်းလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြေပြင်မတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်တပ်က အင်အားဖြည့်တင်းမှုမှာ ယူနီဖောင်းဝတ် စစ်သားတွေကို အလုံပိတ် ကားတွေနဲ့ တင်ဆောင်ကာ အရပ်သားအသွင်ဆောင်ပြီး ပို့ဆောင်နေတယ်လို့ သိရပါတယ်။
“သူတို့ ဘယ်လောက်ပဲ အရပ်သားပုံစံ အသွင်ယူပြီးလာလာ သူတို့မထွက်ခင်ကတည်းက သတင်းကရထားပြီးပြီ။ ဇာတ်သဘင်တွေ နယ်ဘက်မှာ ဇာတ်သွားကသလိုမျိုး ကုန်ကားကြီးတွေကို အလုံကာရံပြီး တက်လာတယ်။ အရှေ့ကနေ ကင်းထောက်ဒရုန်းလွှတ်ပြီး တက်လာတယ်။ စစ်သားသာပြောတယ်။ ပေါ်ပေါ်တင်တင် မတက်လာရဲတော့ဘူး။ အခုကတော့ အကြမ်းဖက်စစ်တပ်က စစ်ကူလွှတ်ရင် စစ်သားဟောင်းတွေ သိပ်မပါနိုင်တော့ဘူး။ စစ်သားသစ်တွေ အများဆုံးအသုံးပြုလာတယ်။ တိုက်ပွဲကတော့ လမ်းတလျှောက်မှာ နေ့တိုင်းလိုလိုဖြစ်နေတာပဲ။ လူချင်းထိပ်တိုက်တွေ့တာထက် လက်နက်ကြီးနဲ့အပြန်အလှန်ပစ်တာက များတယ်” လို့ အာရှလမ်းပိုင်းမှာ ပိတ်ဆို့ တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။
ကော့ကရိတ်မြို့ မြောက်ဘက်က ရန်ကုန်နယ်မြေမှာလည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ၊ အပြန်အလှန် ဒရုန်းနဲ့ ဗုံးကြဲမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“အကြမ်းဖက်စစ်ကောင်စီက ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ လေကြောင်းကနေ စစ်ရေးဖော်ဆောင်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တယ်။ သူတို့လာနိုင်တဲ့ လမိးကြောင်းတွေကိုတော့ အထူးသတိပြုပြီး လုံခြုံရေး အထူးဂရုစိုက် လုပ်ဆောင်နေပါတယ်” လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
နိုဝင်ဘာ ၂၅ရက်နေ့ကလည်း မြဝတီ-ကော့ကရိတ် အာရှာလမ်းမကြီးပေါ်မှာရှိတဲ့ တောနောအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA ဥဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ကရင်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ထီးလင်းမြို့နယ်ဘက် စစ်တပ် စစ်ကြောင်းထိုးရင်း ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ၃ နှစ်ပြည့် ဆွမ်းကျွေးအမျှဝေအလှူ… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက်၊ ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံး ရဲ‌‌‌ဘော် ၂ ယောက်ရဲ့ (၃) နှစ်ပြည့် ဆွမ်းကျွေး အမျှပေးဝေအလှူ ပြုလုပ်ခဲ့တယ်လို့ Khut Daung Company Saw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်းအပါ ပဲခူး ၃ မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခံရ၊ စစ်တပ်ဘက်က အယောက် ၄၀ နီးပါး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ရန်ကုန်-ပြည်အမြန်လမ်းအပါအဝင် နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
Read More

သီတင်းကျွတ်လပြည့်နေ့တွင် သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ ကလေး (၁) ဦးအပါ (၃) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။