မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီး၂ယောက်လည်း ပါဝင်တယ်လို့ လွတ်မြောက်သူတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ထွက်ပြေးသွားခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ
နိုဝင်ဘာ ၂၅ရက်နေ့မှာ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။
“လွတ်မြောက်သွားတာ အသက်၁၈နှစ်၊ ၁၉နှစ် အရွယ်ကောင်းလူငယ်တွေပါ။ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာရှင်ကိုမကြိုက်လို့ လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ လူငယ်လေးတွေပဲ။ သူတို့ဖမ်းခံရတဲ့အချိန်မှာ စိတ်မကောင်းဖြစ်ရတယ်။ ပြန်လမ်းမရှိနိုင်တော့ဘူး ထင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်တယ်ဆိုတာ ကြားရတော့ တကယ် အတိုင်းမသိ ပီတိဖြစ်ရတယ်” လို့ လွတ်မြောက်သွားတဲ့ အမျိုးသမီး၂ယောက်နဲ့ နည်းစပ်သူက မောင်းကိုပြောပါတယ်။
လွတ်မြောက်လာသူတချို့ဟာ ရေပြာရဲစခန်းမှာ ဖမ်းဆီးအချုပ်ကျခံနေရစဉ် ရိုက်နှိက်စစ်ဆေးခံရမှုတွေကြောင့် လွတ်မြောက်နယ်မြေမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
“သူတို့ ဖမ်းဆီးခံလိုက်ရတာက ပြီးခဲ့တဲ့ ၃လလောက်က ကမ္မမြို့ဘက်ကို သွားရောက်တဲ့အချိန် ရေပြာရဲစခန်းအနီးမှာပဲ စစ်ဆေးဖမ်းဆီးခံလိုက်ရတာ” လို့ အထက်ပါ နီးစပ်သူ သတင်းရင်းမြစ်က ဆိုပါတယ်
တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ယောက် ရေပြာရဲစခန်းအချုပ်ခန်းက ထွက်ပြေးလွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး အမျိုးသားရေးအစွန်းရောက် သံဃာတော်တစ်ပါးဖြစ်တဲ့ ပေါက်ကိုယ်တော်က ရေပြာရဲစခန်းမှူးကို မေးထားတဲ့အသံဖိုင်လည်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
ရေပြာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြဖူးပါတယ်။
ပုံစာ – ၂၀၂၂ ခုနှစ်မှာ ရေပြာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်
0 Shares:
You May Also Like
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာ ၂ခုကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်၊ ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရပြီး သာသနာ့ အဆောက်အဦးများနှင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေအပါဝင် အရပ်သားနေအိမ်တွေ မီးလောင်ပျက်စီးပြီး ဦးဇင်း ၁ ပါး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်မှုကို စစ်ကောင်စီ ပိုမိုတင်းကြပ်နေ

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်အလုပ်လုပ်သူတွေကို လုံး၀ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ PV ပက်(စ်)ပို့ ကိုင်ဆောင်သူတွေကို အလုပ်အကိုင်နဲ့ ပြည်ပထွက်ခွင့်ပြုမှုကို…
Read More

မကွေးတိုင်းအတွင်း ကျေးရွာအချို့ စက်တပ်လေထီး ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ဇီးဖြူကုန်း ပျူစခန်းကို ၄ ရက် ဆက်တိုက် ဗုံးကြဲမှု စစ်ကောင်စီအရာရှိနဲ့ ပျူခေါင်းဆောင်အပါ ၁၀ ယောက် အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က ဒရုန်းနဲ့ ၄ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မော်လမြိုင်ကျွန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှမနှစ်ယောက် ဖွင့်ထားတဲ့ KTV ကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။