ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက အင်းဝိုင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အခုလို အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို့နယ်အတွင်း နိုဝင်ဘာလ (၁) ရက်ကနေ (၂၅) ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ (၁၈) ယောက် သေဆုံးပြီး (၃၄) ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိရှိဖို့ လိုအပ်ပြီး လူစုလူဝေးမပြုလုပ်ဖို့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ပုံ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ခန္တီးတွင် ဗျူဟာမှူးကွပ်ကဲသည့် ပဒူးမုန်းရွာစခန်းကုန်းအား ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ ရခိုင်ပြည်နယ် ကျောက်တော်ကို ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၂ ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က လူနေရပ်ကွက်ထဲကို မနေ့က သင်္ကြန်အကြိုနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သတ်ဖြတ်ပြီး လိုချင်တာတောင်းတဲ့ခေတ် ကုန်သွားပြီလို့ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ လူငယ်တွေကို ဩဝါဒချွေ

လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေ…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၃ တပ်စခန်းမှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း၊ အုန်းတောနယ်မြေအတွင်း ကင်းပတ်ထွက်လာသည့် စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောနယ်မြေမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Generation Z Power က ထုတ်ပြန်ထားပါတယ်။