မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
တနင်္ဂနွေနေ့ အာရုဏ်တက်ချိန်မှာ အိန္ဒိယရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ငါးဖမ်းစက်လှေတစ်စီးဆီကို ကမ်းခြေစောင့်တပ်သင်္ဘောတစ်စီးက သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၆ယောက် စီးနင်းလိုက်ပါလာကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ (ICG) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကမ်းခြေစောင့်တပ်က တားမြစ် မူးယစ်ဆေး မက်သာဖက်တမင်း ၅၅၀၀ ကီလိုနီပါး ရှာတွေ့ခဲ့တယ်” လို့ ရေးထားပါတယ်။
ဒီလိုဖမ်းဆီးခဲ့တာဟာ ICG ရဲ့ သမိုင်းတလျှောက် အကြီးဆုံး မူးယစ်ဆေး သယ်ဆောင်တာကို ဖမ်းဆီးခဲ့မှုဖြစ်တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးထုတ်လုပ်သူတွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို ဖြတ်ပြီး ကုန်းလမ်းနဲ့သယ်ဆောင်တဲ့အခါ ကင်းလှည့်ဖမ်းဆီးခံရမှာကို ရှောင်ရှားဖို့ လှေတွေနဲ့ မှောင်ခိုကူးလာကြတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အရှေ့နဲ့ အရှေ့တောင်အာရှမှာ စိတ်ကြွဆေး တန်ချိန် ၁၉၀ အထိ စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) အရ သိရပါတယ်။
အိန္ဒိယ ICG က ဖမ်းမိသိမ်းဆည်းခဲ့တဲ့ အဆိုပါ မူးယစ်ဆေးတွေရဲ့ လမ်းတွေပေါ်က ရောင်းဈေးတန်ဖိုးဟာ ဒေါ်လာသန်းချီရှိနိုင်ပါတယ်။
ဒါပေမဲ့ မက်သာဖက်တမင်းတွေကို အလုံးအရင်းလိုက် ထုတ်လုပ်တဲ့အခါမှာတော့ ကုန်ကျစရိတ်က ၁ ကီလိုကို ဒေါ်လာ ၄၀၀ လောက်အထိ နည်းနိုင်တယ်လို့ ကုလသမဂ္ဂပညာရှင်တွေက ဆိုပါတယ်။
AFP
0 Shares:
You May Also Like
Read More

အမေရိကန်ရောက် မြန်မာဆယ်လီ ချင်းတိုင်းရင်းသူ လီဗီဆပ်နိုင်ထန်းကို လိမ်လည်မှုဖြင့် ကန်ဒေါ်လာ ၃ သန်းကျော် ဒဏ်ရိုက်…

အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်တွေဆီကနေ ငွေကြေးလိမ်လည်မှုနဲ့ မြန်မာဆယ်လီလုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းကို အမေရိကန်ခရိုင်တရားသူကြီးက အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော် ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်တဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာက ကန့်ကွက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ အားစိုက်လုပ်ဆောင်နေလို့ နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ မြန်မာလူမျိုးများ ပြုလုပ်သည့် ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေဟာ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှုမှာ ပါဝင်လာတယ်လို့ ရန်ကုန်လူထုသပိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။