အကြမ်းဖက်စစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီ လုပ်ဆောင်တာဟာ တရုတ်အကျိုးစီးပွားနဲ့ လုံခြုံရေးကို အကာအကွယ် ပေးနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ လုံခြုံရေးကုမ္ပဏီ တည်ထောင်ဖို့ သဘောတူညီချက်ရရှိထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက “Joint Venture Security Company ကို မင်းအောင်လှိုင်စစ်အုပ်စုနဲ့အတူ လုပ်ခြင်းအားဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူး ဆိုတာကို ထောက်ပြ ပြောကြားချင်ပါတယ်”လို့ ပြောကြားထားပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် မတည်မငြိမ်မှုတွေ ဖြစ်ပွားနေချိန်မှာ တရုတ်နိုင်ငံက သူတို့ ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်နေတာကို NUG က နားလည်သဘောပေါက်သလို ပြည်သူကိုပါ အကြမ်းဖက်သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုက တရုတ်နိုင်ငံရင်းနှီးမြုပ်နှံမှု အကျိုးစီးပွါးတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဦးကျော်ဇောက ပြောဆိုထားပါတယ်။
NUG အစိုးရအနေနဲ့ ထုတ်ပြန်ကြေညာထားတဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒ၊ စစ်ရေးဆိုင်ရာ စစ်သည်တော်ကျင့်ဝတ် (Military code of conduct)၊ ပြဌာန်းထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒ စတာတွေအရ တရားဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောဆိုထားပါတယ်။
“ပြောထားတဲ့အတိုင်း ကျနော်တို့အကာအကွယ်တွေပေးနေတယ်၊ စောင့်ရှောက်ပေးနေတယ်ဆိုတာလည်း မြေပြင်မှာ သက်သေပြနေပါတယ်” လို့ ဦးကျော်ဇော်က ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်တပ် ဝါဒဖြန့်ချိသူတွေရဲ့ လှုံ့ဆော်မှုတွေဟာ တရုတ်နိုင်ငံ အကျိုးစီးပွါးတွေနဲ့ တရုတ်နိုင်ငံသားတွေကို တိုက်ရိုက်ခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း ဦးကျော်ဇောက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

၅၀၅ (က) လွတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းမှုများအပေါ် စစ်ကော်မရှင်ကို စစ်လော်ဘီများ ဝေဖန်ပြစ်တင်

အတုအယောင် ရွေးကောက်ပွဲပုံရိပ်အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ တရားစွဲဆိုခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့မှုအတွက် အကြမ်းဖက်စစ်တပ်လော်ဘီတွေကြား စစ်တပ်အပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

ရေစကြိုတွင် စစ်ကောင်စီက ကျန်းမာရေးမကောင်းသူများ အပါအဝင် အရပ်သားပြည်သူတွေကို အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးနေ

"ရေစကြိုက ၆၃ မြို့နယ်ထဲပါလို့ ရှက်ရမ်းရမ်းပြီး လုပ်နေတာလို့ ယူဆရပါတယ်။ အခုဆို မြို့ပေါ်နေပြည်သူတွေအဖို့ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရတာပါ။ ဖမ်းတဲ့ကောင်တွေကလည်း ရေစကြိုရုံးပေါင်းစုံထဲကရော မြို့မရဲစခန်းထဲကရောပါ။ သူတို့က မြို့ပေါ်မှာ ၆ နေရာလောက် နေရာခွဲပြီး နေကြတာ" လို့ အဆိုပါ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြောင်းအမျိုးမျိုးကြောင့် CDM မလုပ်ရပေမယ့် Pre CDM (ဖရဲသီး) အဖြစ် တာဝန်ကျေရန် ပြည်သူ့ရင်ခွင် ဖိတ်ခေါ်

မလွဲမရှောင်သာ Non-CDM ဖြစ်နေရသူတွေအနေနဲ့ စစ်အုပ်စု ယန္တရားထဲကနေ ဟန်မပျက် တာဝန်ထမ်းဆောင်ပြီး Pre-CDM (ဖရဲသီး) အဖြစ် တာဝန်ထမ်းဆောင်ကြဖို့ ပြည်သူ့ရင်ခွင်က ဖိတ်ခေါ်ထားပါတယ်။ 
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံး၊ (၄) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီး မှားယွင်းပစ်ခတ်မှုကြောင့် ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီးမှားယွင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

၂ ပတ်ကြာ စစ်အုပ်စု စစ်ကြောင်းထိုးနေသည့် ရေစကြိုတွင် ခေါင်းဖြတ်မီးရှို့သတ်ခံထားရသည့် အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်က မြေတော်ရွာမှာ ခေါင်းဖြတ်မီးရှို့သတ်​ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့ပြီး စစ်အုပ်စုတွေက အရပ်သား​ပိုင်ပစ္စည်းတွေကိုလည်း နည်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေကြတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။