မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
အဲ့ဒီလမ်းပိုင်းသွားလာမှု ကန့်သတ်ချက်ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်ကနေ စတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ၁၀၂၇ ဒုတိယအပိုင်းအတွင်းမှာ စဉ့်ကူးမြို့၊ သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ကာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက ၎င်းတို့ လက်လွတ်လိုက်ရတဲ့ အဆိုပါ မြို့တွေကို ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်ကတည်းက စစ်ကြောင်းထိုး တိုက်စစ်ဆင်နေတာ ဖြစ်ပါတယ်။
“မတ္တရာနဲ့ မန်းလေးနဲ့ ထိစပ်နေတဲ့ မြစ်အရှေ့ဘက်ခြမ်းနေရာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာရှိပါတယ်။ လက်ရှိကတော့ အရမ်းကို ရုပ်ထွေးနေတဲ့ အနေအထားပါ။ သူဝင်လာရင် ကိုယ်ဆုတ်… ကိုယ်ဝင်လာရင် သူဆုတ်ဆိုတဲ့ အနေအထားမျိုးတော့ ဖြစ်နေပါတယ်။” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေက ဘတ်တံဆိပ်မျိုးစုံနဲ့ ပူးပေါင်းစစ်ကြောင်းတွေဖြစ်ပြီး လေကြောင်းအားကောင်းတဲ့ နေရာတချို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေ လက်လွတ်လိုက်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ပြန်လည်ထိုးစစ်ဆင်မှုမှာ မြေပြင်အင်အား ၂၀၀ကျော်နဲ့ လေကြောင်းပစ်ကူမှုတွေအပြင် ရေတပ်ကနေပါ စစ်သင်္ဘော ၂ စီးနဲ့ ပစ်ကူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပုလောအခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား(၁)ဦး K.N.L.A တပ်မဟာ(၄) ထံ လက်နက်ဖြင့် အလင်းဝင်ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တပ်သား (၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့မြောက်ဘက်ရှိ ရွာစည်(ရွာဟောင်း) ရွာကို အကြမ်းဖက် ခလရ ၅၀တပ် ဝင်ရောက်စီးနင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာစည် (ရွာဟောင်း) ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးနဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်၏ ထောက်ပို့ငွေနှင့် ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြားနှင့် ကျည်ကာဦးထုပ်များ တပ်ဆင်ခဲ့သည့် ရန်ကုန်တိုင်းစစ်ဌာန

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ရဲ့ ထောက်ပို့ငွေနဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာပလိတ်ပြား၊ ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေယာဉ်တွေကို ရပ်တန့်ဖို့ AirBus2AirStrikes Campaign မှာ ပူးပေါင်းပါဝင်ကြပါ

AirBus2AirStrikes Campaign မှာ ပြည်သူတွေ နိုင်တဲ့ဘက်က ပိုမိုအားဖြည့်ပြီး ပါဝင်ပေးမှသာ တော်လှန်ရေးခရီးအောင်မြင်မှာဖြစ်တယ်လို့ Blood Money Campaign က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီကနေ ဥရောပရဲ့ အင်အားကြီး…
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် စစ်အုပ်စု အရပ်သားများကို သတ်ကာ သေဆုံးသူများအား PDF အဖြစ် ပုံမှားရိုက်သတင်းဖြန့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အဖြစ် ပုံမှားရိုက် သတင်းမှားဖြန့်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။