တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ လွှတ်တော်ဝင်းအတွင်း မြန်မာပြည်အ‌ရေး တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်နေမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဆွေးနွေးပွဲကိုတော့ မြန်မာ့တော်လှန်ရေးကို တစိုက်မတ်မတ် ထောက်ခံအားပေးနေတဲ့ အီယုန်ဆွန်း အမတ်နဲ့ အခြားအမတ် ၇ ယောက်က ကမကထပြုပြီး ဆောင်ဂုန်ဝဲတက္ကသိုလ် အာရှအန်ဂျီအိုဌာန ‌ပါမောက္ခ ဘတ်အွန်ဟွန်းက ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ အဓိကအားဖြင့် မြန်မာပြည်အရေး တရုတ်နိုင်ငံ ပါဝင်လှုပ်ရှားမှုကြောင့် တော်လှန်ရေးအပေါ် ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေနဲ့ အခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်မယ်ဆိုတာတွေကို ရှုထောင့်စုံကနေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန ပါမောက္ခ ချွဲဂျောင်ဟွီ၊ နိုင်ငံတကာရေးရာဌာန ပါမောက္ခဟောင်း ဘဲဂုံချန်၊ ဆောင်ဂယွန်းတက္ကသိုလ် အရှေ့အာရှဌာန ပါမောက္ခ လီယူးဘီ၊ ကိုရီးယားတက္ကသိုလ် အရှေ့တောင်အာရှသုတေသနဌာန ပါမောက္ခ ဂျန်းဂျွန်ယောင်း၊ ဆိုးလ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံ ပါရဂူကျောင်းသား ချန်ဘိဂျယ်၊ ဘုဂယောင်းတက္ကသိုလ် သတင်းပညာ ပါရဂူကျောင်းသား ခန့်ဇင်တို့က စာတမ်းတွေ တင်ပြပြီး ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မတ္တရာ-ဆည်တော်လမ်းပိုင်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိတဲ့ Canter ကားကို ပိုင်ရှင်ဖြစ်သူဆီ မိုး​ကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပကဖ ပြန်လည်အပ်နှံ…

ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ​အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာက သိမ်းဆည်းရရှိခဲ့တဲ့ Canter ကားကို မူရင်းပိုင်ရှင်ဖြစ်သူဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်  လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါ ၂၀ ဦးထက်မနည်း သေဆုံးပြီး RPG အပါ သေနတ် ၅ လက် သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ ယောက်အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။