NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
NUG လက်အောက်ခံ PDFတပ်ရင်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီနေ့မှာ ကျရောက်တဲ့ ၁၀၄နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာမှ တဆင့်ဖိတ်ခေါ်လိုက်တာပါ။
ပြန့်ကျဲနေတဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုအသီးသီးကို NUGအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF တပ်ရင်းတွေနဲ့ အတူချိတ်ဆက်ပူးပေါင်းပါက ပိုမိုထိရောက်နိုင်ကြောင်း ဖော်ပြရေးသားထားပါတယ်။
တစ်ဆက်တည်းမှာပဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက်လည်း အတူတကွကြိုးစားကြဖို့ကို NUGအစိုးရက တိုက်တွန်းပါတယ်။
အတိတ်သမိုင်းကို သင်ခန်းစာယူပြီး စစ်အာဏာရှင်စနစ်ကို မြန်မာနိုင်ငံတဝှမ်းလုံးက ကျောင်းသား၊ရှင်၊လူ၊ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး စုစည်းညီညွတ်စွာနဲ့ တွန်းလှန်တိုက်ဖျက်ဖို့လဲလိုအပ်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနှင့် တိုက်ဖျက်နေသည်ဟု မင်းအောင်လှိုင် ပြော

ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိုက်ဖျက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေသည့် ရဲဘော် နန်းခန့်ဝင်း (ခ) Silent ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် နန်းခန့်ဝင်း (ခ) Silent  ဟာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပတ်စ်ပို့အမြန်လိုချင်လျှင် ငွေကျပ် ၅ သိန်းကျော်ပေးရမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အရေးကြီး၊ အရေးပေါ်ကိစ္စတွေနဲ့ ပြည်ပထွက်ခွာလို့သူတွေအတွက် နိုင်ငံကူးလက်မှတ်ကို ငွေကျပ် ၅၄၅၀၀၀ ပေးပါက စောင့်ဆိုင်းဖို့မလိုတဲ့ အမြန် ဝန်ဆောင်မှုပေးသွားမယ်လို့ စစ်ကော်မရှင်လက်အောက်ခံနိုင်ငံကူးလက် မှတ်ထုတ် ပေး‌ရေးရုံးက ဇန်နဝါရီလ ၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုမြို့ရှိ ဆေးပေးခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ‌‌‌၂ ဦး ဒဏ်ရာရပြီး ဆေးခန်း အဆောက်အအုံနှင့် မော်တော်ယာဉ်ပျက်စီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားဆေးခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ‌‌‌၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Coordination Team for Emergency Relief (Karenni) က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် စစ်ကော်မရှင် စစ်ကြောင်း၂ ခု မိုင်းဆွဲခံရပြီး ၁၈ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။