ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနားမှာ ထိုင်းစစ်တပ်နဲ့ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အင်အားအကြီးမားဆုံးတပ်ဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ဟာ နယ်မြေပြဿနာကြောင့် နိုဝင်ဘာ ၂၅ ရက် ဒီနေ့မှာ အတင်းမာဆုံးအခြေအနေရောက်ရှိလာနေတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
UWSA အနေနဲ့ မယ့်ဟောင်ဆန်အနီး Doi Nong Luang ၊ Doi Hua Ma စသဖြင့် နေရာ ၅ ခုမှာ စစ်စခန်းတွေ အခြေချထားရာ ထိုင်းစစ်တပ်က သူတို့နိုင်ငံပိုင်နက်ထဲ လာရောက် အခြေချထားတယ်လို့ စွပ်စွဲပြီး တပ်တွေအားလုံး ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီနယ်မြေအငြင်းပွားမှုပြဿနာဟာ ဆယ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှာ ထိုင်းစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော် (RCSS-SSA) တာဝန်ရှိသူတွေဟာ မယ်ဟောင်ဆောင်အနီးတစ်ဝိုက်က UWSA စခန်းတွေကို ဝင်ရောက်လာကာ ဓာတ်ပုံရိုက်မှတ်တမ်းတင်မှုတွေ လုပ်ဆောင်ခဲ့ရာက နှစ်ဖက် တင်းမားမှုတွေမြင့်တက်လာတယ်လို့ ထိုင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံဘက်ကလည်း ဒီဇင်ဘာ ၁၈ ရက်မတိုင်ခင် UWSA အထိုင်ချထားတဲ့ တပ်နေရာ ၇ နေရာကနေ ဆုတ်ခွာဖို့ သတိပေးခဲ့ပြီး UWSA တာဝန်ရှိသူတွေက ပန်ဆန်းက ဌာနချုပ်ကို တင်ပြပြီး ထိုင်းဘက်ကို အကြောင်းပြန်မယ်လို့ ပြောကြောင်း ထိုင်းသတင်းတွေက ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်းစစ်တပ်က ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေကို တပ်ဆင် အသင့်ပြင်ထားသလို UWSA ဘက်ကလည်း လက်နက်ကြီးတွေကို တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားတာကြောင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားဖို့ အတင်းမာဆုံးအခြေအနေ ရောက်ရှိနေပြီဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ UWSA ထိပ်တန်းအရာရှိတွေနဲ့ ထိုင်းတော်ဝင်စစ်တပ်အရာရှိတွေ တွေ့ဆုံပြီး မူးယစ် ဆေးပြဿနာ၊ နယ်မြေကျူးကျော်မှုနဲ့ မှောင်ခိုမှုတွေ တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ပါသေးတယ်။
Ref: khaosod
0 Shares:
You May Also Like
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်တပ်‌ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

အောက်တိုဘာလထဲ စစ်ကောင်စီဗုံးကြဲလို့ ယောမှာ YPDF တပ်ဖွဲ့ဝင်၂ ယောက် အပါအဝင် ၁၀ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရ

အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်များမှာ အပစ်ရပ်ထားသည့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဟု MDY-PDF ထုတ်ပြန်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွေမှာ ယာယီအပစ်ရပ် ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြင်းထန်စွာဖြစ်ပွားနေသည့် နတ်ရေကန်အနီးတိုက်ပွဲအတွင်း CDF တပ်သားတစ်ယောက် ကျဆုံး

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပေါ်ရှိ၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်အနီးတိုက်ပွဲအတွင်းမှာ CDF တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ Chin Defence Force - Asho တပ်ဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်ဆလိုင်းရဲမင်းထွန်း ကျဆုံးသွားတယ် လို့ Chin Defence Force - Asho တပ်ဖွဲ့ရဲ့ အမိန့်ပြန်တမ်းမှာ ထုတ်ပြန်ထားတာပါ။
Read More

ရှေ့တန်းကနေ ပြန်လာတဲ့ အင်းတော်ကြီး PDF က တော်လှန်ရေးရဲဘော်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IDG PDF) က ရဲဘော်တွေ ရှေ့တန်းကနေ ပြန်လာချိန် ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။