ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ရဲကင်းကို PDFများကတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
သာယာကုန်း ကျေးရွာက စစ်ကောင်စီ ရဲကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီး ၁၅ဦးခန့် သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စခန်းဘန်ကာနှင့် မီတာ၅၀ခန့်အကွာမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်းဖော်ပြထားပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ပြီး လုပ်ဆောင်ခဲ့တာကြောင့် စစ်ဆင်ရေးကထိရောက်အောင်မြင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
၃နာရီီ အကြာတိုက်ပွဲအတွင်း စခန်းမှ ၁၀ဦး ထက်မနည်းသေဆုံးပြီး လက်ပံတန်းမြို့မရဲစခန်းမှ စစ်ကူလာတဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေးငယ်တစ်ဦး နှလုံးဖောက် သေဆုံး၊ ရော်ဘာခြံ ၂ ခြံ မီးလောင်ပျက်စီး 

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရကာ ပြည်သူပိုင် ရော်ဘာခြံတွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ jumper တွေ အသုံးများလာတာကြောင့် တော်လှန်ရေးတပ်တွေ ပိုမိုသတိထားဖို့နဲ့ ပိုမိုအားဖြည့်ကူညီပေးကြဖို့ လိုအပ်လာနေ

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ အမြဲလိုလို စစ်ရေးရှုံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ် အသုံးပြုနေတဲ့အပြင် ဒရုန်းတွေ jumper တွေလည်း ပိုမိုအသုံးပြုလာတာကြောင့် မပေါ့ဆကြဖို့နဲ့ အထူးဂရုစိုက်ကြဖို့ ဒရုန်းတီထွင် ထုတ်လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More

ပေါင်းတည်၊ ပန်းသင်းရွာက ပျူစောထီးကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေး ၃ ဦးအပါ ၁၃ ဦး သေဆုံးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးသွားတဲ့ မြင်ကွင်းတွေကို TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။